Chapter 55

2.7K 356 9
                                    

[Unicode]

"ဘာလို့ ဒီကို ရောက်လာတာလဲ။ နေထိုင်မကောင်းဖြစ်နေလို့ အနားယူချင်တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား" ပေထန်အောက်သည် မျက်ခုံးပင့်တင်ရင်း မေးလိုက်သည်။

"မီးရှူးမီးပန်း ကြည့်ချင်လို့ ဒီရောက်လာတာပါ"

လင်ယန်ယန့်သည် ယန်ဖေးလီရင်ခွင်ထဲမှ ကလေးငယ်အား စိုက်ကြည့်လို့နေလေသည်။

"ဒီကလေးက... စစ်သူကြီးယန် ဒါ စစ်သူကြီးရဲ့ကလေးလား။ စစ်သူကြီးနဲ့ တော်တော်တူတယ်နော်"

ယန်ဖေးလီသည် ကလေးကိုသာ တင်းတင်းကျပ်ကျပ် ပွေ့ချီထားရင်း ဘာတခွန်းမှ ပြန်မပြောပါချေ။ လီအာလေးသည် အခြေအနေနှင့် အချိန်အခါကို မကြည့်တတ်သေးသည် အရွယ်လေးဖြစ်သည်။ ရုတ်တရတ် တခစ်ခစ်ရယ်လိုက်ပြီး ပေထန်အောက်ဆီ လက်ကလေးဆန့်တန်းလိုက်လေတော့သည်။

"တျဲတျဲ... ချီ..."

ယခုရက်ပိုင်းအတွင်း ပေထန်အောက် လာလည်တိုင်း သူသည် လီအာလေး ပထမဆုံး ပြောသည့် ထိုစကားလုံးကြောင့် ဂုဏ်ယူနေခဲ့ရသည်။ ပေထန်အောက်သည် ယန်ဖေးလီထံမှ ကလေးကို လက်လွှဲယူလိုက်ရင်း ပွေ့ချီလိုက်ပြီး လင်ယန်ယန့်၏ ဖြူဖတ်ဖြူရော်ဖြစ်နေသည့် မျက်နှာကို ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။

"ယန်ယန့်... ကလေးက စစ်သူကြီးရဲ့ ကလေးမဟုတ်ဘူး။ ကိုယ့်ကလေး"

နှင်းပွင့်ချပ်ကြီးများက ကျဆင်းလို့လာခဲ့သည်။

ပွဲတော်အချိန်အခါကို ဆင်နွှဲနေသည့် မီးရှူးမီးပန်းများအား ရောင်ပြန်ဟပ်လျက်။

လင်ယန်ယန့်၏ နူးညံ့လှသည့် မျက်နှာလေးမှာ ရုတ်ချည်း ဖြူရော်လို့သွားခဲ့သည်။ ခန္ဓာကိုယ်မှာ ညွတ်ကိုင်းမတတ်ဖြစ်နေပြီး အနောက်ဘက်မှ အစေခံမလေးက ကူကိုင်ပေးထားရ၏။

"ယောက်ျား... ဘာတွေပြောနေတာလဲ"

"ကိုယ်ပြောတာက ဒီကလေးက ကိုယ့်ရဲ့သားလို့"

လင်ယန်ယန့်သည် ကြောင်တောင်အမ်းစွာဖြင့် လီအာ့ကိုတလှည့် ပေထန်အောက်ကိုတလှည့် ကြည့်နေသည်။

Broken BondsWhere stories live. Discover now