07 [Unicode]

3K 409 18
                                    

ယန်ဖေးလီသည် ကလေးငိုသံသဲ့သဲ့ကို ကြားလိုက်ပြီးနောက် တစုံတယောက်က ကလေးငယ်အား ခေါ်ယူလိုက်သည်ကို ခံစားလိုက်ရ၍ နိုးသွားလေသည်။

"ဘယ်သူလဲ။ ကလေးကို အောက်ချလိုက်"

အဆိုပါလူသည် ကုတင်ဘေးမှ လှည့်ထွက်ခါစပြုနေသည်ကို ယန်ဖေးလီ ချက်ချင်းဖမ်းမိသွားသည်။

အဆိုပါလူက လက်ကိုအနောက်ပစ်ကာ ဖြေရှင်းရန် လှည့်လိုက်သည်။

အမှောင်ထုထဲတွင် ရပ်နေကာ နှင်းကဲ့သို့ အေးမြသော အင်္ကျီအဖြူကို ဝတ်ဆင်ထားသော ထိုသူသည် မြောက်အရပ်တံခါးအရှင် ပေထန်အောက် ဖြစ်လေသည်။

"ဂိုဏ်းအရှင်..." ယန်ဖေးလီ အံ့အားသင့်စွာ ပြောလိုက်သည်။

ပေထန်အောက်မှာ ဟွန်းခနဲ နှာတချက်မှုတ်လိုက်ပြီး လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။

"ဂိုဏ်းအရှင်"

ယန်ဖေးလီသည် ပေထန်အောက်အား ကလန်ကဆန်ပြုနေရသည်ကို ဂရုမစိုက်တော့ပါ။ အရာအားလုံးကို လစ်လျူရှုလိုက်ပြီး ဒယီးဒယိုင်ဖြင့် ထလာကာ ဒူးထောက်လိုက်သည်။

"ဂိုဏ်းအရှင်... ကလေးကို ဘယ်ခေါ်သွားမလို့ပါလဲ"

"ကလေးက ဒီမှာ နေလို့မရဘူး... ငါ သူ့ကို ခေါ်သွားမယ်"

"ခေါ်သွားမယ် ဟုတ်လား... ဘယ်ကိုခေါ်သွားမလို့လား"

"အဲ့အတွက် စိတ်ပူစရာမလိုဘူး"

"ဂိုဏ်းအရှင်... ကလေးကို မခေါ်သွားပါနဲ့။ ကျွန်တော်နဲ့ပဲ ထားခဲ့ပါ"

"မရဘူး"

"ဂိုဏ်းအရှင် သိလား... ဒီကလေးက---"

"ပါးစပ်ပိတ်ထား"

ပေထန်အောက် အော်လိုက်သည်။ မျက်နှာမှာလည်း ဖြူရော်၍နေပြီ။

"ဒီကလေးက ဒီမှာ နေလို့မရဘူး... မင်းဘေးနားမှာ နေလို့မရဘူး။ ဒီကလေးက ရှိကိုမရှိလာသင့်တာ"

"မဟုတ်ဘူး... ဂိုဏ်းအရှင်။ မလုပ်ပါနဲ့... တောင်းပန်ပါတယ်... ဒါ အကုန် ကျွန်တော့အမှားတွေပါ။ အပြစ်ပေးမယ်ဆိုရင် ကျွန်တော့ကိုပဲ ပေးပါ။ ကလေးကိုတော့ မခေါ်သွားပါနဲ့"

Broken BondsWhere stories live. Discover now