Chapter 37

2.6K 343 7
                                    

[Unicode]

ချိုးယဲ့ယွမ်သည် ရှီးမန်ယွဲ့ရင်ခွင်ထဲတွင် ငိုချလိုက်ပြီးနောက် စိတ်မှာ ပြန်လည်တည်ငြိမ်သွားပြီးနောက် သူသည် တင်းတင်းကျပ်ကျပ်ဖက်ထားခံရကာ နွေးထွေးသည့် လက်ဝါးကြီးမှာလည်း သူ့နောက်ကျောကို ဖွဖွလေး ပွတ်သပ်ပေးနေသည်ကို သိလိုက်ရလေသည်။ သူသည် ရှီးမန်ယွဲ့အား ဆတ်ခနဲ တွန်းထုတ်လိုက်ပြီးနောက် ရှက်ရှက်ဖြင့် ပြောလိုက်သည်။

"ကျွန်တော် အဆင်ပြေပြီ။ ခင်ဗျားသွားလို့ရပြီ"

"တကယ်အဆင်ပြေတာရော ဟုတ်ရဲ့လား"

"တကယ်... ကျွန်တော့ကို စိတ်မပူနဲ့။ စစ်သူကြီးယန်ကို မြန်မြန်ရှာတွေ့ဖို့က အရေးအကြီးဆုံးပဲ"

"ကောင်းပြီ... ဒါဆို ကိုယ်သွားတော့မယ်။ အများကြီးလည်း တွေးမနေနဲ့ဦး"

ချိုးယဲ့ယွမ် ခေါင်းညိတ်ပြလိုက်သည်။ ရှီးမန်ယွဲ့၏ ပုံရိပ်ကလေး ခြံဝင်းထဲမှ ထွက်ခွာပြီး ပျောက်ကွယ်သွားသည့်အထိ သူ လိုက်ကြည့်နေမိသည်။

ရှီးမန်ယွဲ့သည် ပင်မခြံဝင်း ခန်းမဆောင်ထဲသို့ ရောက်သည်နှင့်တပြိုင်နက် တုရှန်းက ကပျာကယာ နှုတ်ဆက်သည်။

"ရှီးမန်အရှင်သခင်... ပေထန်အရှင်က စစ်သူကြီးယန်ဆီက သတင်းရတယ်လို့ ပြောပါတယ်။ အရှင်သခင်အတွက်ပါ"

ရှီးမန်ယွဲ့သည် စာအား ယူလိုက်ပြီး ဖွင့်ဖတ်လိုက်သည်။ မျက်ခုံးအစုံမှာ မြင့်တက်သွားရ၏။ ကြည့်ရသည်မှာ ကိစ္စများသည် ထင်ထားသည်ထက် ပိုရှုပ်ထွေးမည့်ပုံပင်။

...


ထိုညတွင် လနှင့် ကြယ်တို့ မှေးမှိန်နေသည်မှာ မနက်ဖြန်ရာသီဥတု ဆိုးမည်ကို ညွှန်ပြနေသည့်နှယ်။ မြို့တော်အစွန်အဖျားပိုင်းရှိ လျိုယင်းစံအိမ်သည် မှောင်မဲနေကာ တိတ်ဆိတ်လျက်ရှိနေ၏။ အခန်းအနောက်ဘက်တွင်ရှိသည့် တခုတည်းသော ဆီမီးအိမ်လေးမှာလည်း ဖျော့တော့စွာဖြင့် လှုပ်ယမ်းနေလေသည်။

ဤအိမ်သည် သာမန်လယ်တောအိမ်သာ ဖြစ်၏။

နွေလယ်ပိုင်းတွင် နွေဦးကောက်ရိတ်သိမ်းပွဲလည်း ရှိလေရာ မြို့တော်ရှိ သခင်ကြီးများ အလုပ်ရှုပ်သည့် ကာလဖြစ်သည်။ သို့သော်လည်း ရှစ်လပိုင်းလို အချိန်ကာလမျိုးတွင်တော့ ဘယ်သူကမှ ဂျင်ခြေမလည်နေကြပါချေ။ အိမ်ကြီးသည် လူသူကင်းမဲ့နေပြီး လူနေထိုင်သည့် အရိပ်အယောင်ကလေးတောင် မရှိနေပါ။

Broken BondsWhere stories live. Discover now