Chapter 56

2.6K 331 10
                                    

[Unicode]

ပေထန်အောက်သည် ယန်ဖေးလီကို တလှည့်၊ ကန့်လန့်ကာအနောက်မှ လင်ယန်ယန့်ကို တလှည့် ကြည့်လိုက်သည်။

"ယန်ယန့်... ဒီမနက်က မင်း ကောင်းကောင်း မနားရသေးဘူးလေ။ ဘာလို့ စစ်သူကြီးကို အားတက်သရော ဖိတ်ထားရပြန်ပြီလဲ"

လင်ယန်ယန့်သည် သက်ပြင်းချကာ တီးတိုးဆိုလိုက်သည်။

"အရှင်က ကျွန်မမေးခွန်းကိုမှ မဖြေတာ။ ဒါကြောင့် အရှင့်ရဲ့ လူယုံကို ရှာပြီး ရှင်းရှင်းလင်းလင်းသိရအောင် မေးရတော့တာပေါ့"

"ဪ..." ပေထန်အောက်သည် ကန့်လန့်ကို ဖွင့်ကာ အထဲသို့ ဝင်လိုက်ရင်း လင်ယန်ယန့်ဘေးတွင် ဝင်ထိုင်လိုက်သည်။

"ဘာမေးနေတာလဲ ဒါဆို"

လင်ယန်ယန့်သည် စိတ်မချမ်းမြေ့စွာ ပြုံးလိုက်ရင်း...

"သူက အရှင့်ရဲ့ လူယုံဆိုတော့လည်း ကျွန်မ ဘာမှမမေးမရပါဘူး"

ပေထန်အောက်သည် မျက်မှောင်ကြုံ့လိုက်ကာ...

"ယန်ယန့်... မင်း ဘာမှ ထပ်မေးစရာ မလိုတော့ဘူး။ မင်း သိထားရမှာတခုက ကလေးက ကိုယ်တို့ လက်မထပ်ခင်ကတည်းက မွေးလာတာပဲ။ ကလေးရဲ့ မွေးမိခင်က မင်းကို ခြိမ်းခြောက်မှာမဟုတ်သလို မင်းနဲ့လည်း ယှဉ်လို့ရမှာ မဟုတ်ဘူး။ ဘာလို့များ ဒုက္ခခံနေမလဲ။"

ကန့်လန့်ကာ ပွင့်သွားသည်။ ပေထန်အောက်နှင့် လင်ယန်ယန့်သည် တူနှစ်ကိုယ်ယှဉ်တွဲ ထိုင်နေကြ၏။ မျက်နှာထားများမှာလည်း ပြောစကားများ မမှားသကဲ့သို့ မထီမဲ့မြင်ပြုနေကြသည်။ နှစ်ဦးသားအတွက်တော့ အသီးသီး မှန်နေကြသယောင်။

လင်ယန်ယန့်၏ မျက်နှာမှာ မဆိုစလောက် ဖြူလျော့နေသည်။ မျက်တွင်းလည်း ချောင်ကျနေပြီး စိုးရိမ်ကြောင့်ကျနေသည့်နှယ်။

"ယန်ယန့်... မင်း ကောင်းကောင်းအနားယူသင့်တယ်။ ကိုယ်တို့ နောက်မှ ဆက်ပြောကြတာပေါ့။ မဟုတ်တောင် ခန္ဓာကိုယ်က အနားယူဖို့သင့်နေပြီ"

"ယောက်ျား... ယန်ယန့်က အရှင်နဲ့ လက်ထပ်ထားတဲ့ အရှင့်ရဲ့ အမျိုးသမီးပါ။ ယန်ယန့်က ဘယ်တော့မှ ဝတ္တရားဖောက်ဖျက်မှာ မဟုတ်ပါဘူး။ အရှင်က မနေ့ကပဲ ကလေးတယောက် ချီလာပြီး အရှင့်ရဲ့ ကလေးပါလို့ ပြောတယ်။ ကျွန်မ လက်ခံပေးနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ယောက်ျားတယောက်က မိန်းမသုံးယောက် ယူပြီး၊ ကိုယ်လုပ်တော် လေးယောက်လောက် ထားတာက ဘာမှမှမဟုတ်တာ။ ပြီးတော့ အရှင်က တော်ဝင်မျိုးရိုး၊ အရေးပါအရာရောက်တဲ့ လူတယောက်။ နောက်ထပ် ကလေး တယောက်၊ နှစ်ယောက်လောက် ထပ်ရလာပါစေဦး ယန်ယန့် ဘာတခွန်းမှ ပြောမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ယောက်ျားက တအားကို ထူးဆန်းနေတာကို သိရဲ့လား။ ပြောရမယ်ဆိုရင် အရှင်က ကလေးကို တော်ဝင်မျိုးရိုးထဲ သွတ်သွင်းချင်တယ်ဆိုရင် ကလေးမအေဖြစ်သူကို ဘာလို့များ မခေါ်လာတာလဲ။ အရှင့်ရဲ့ မျက်လုံးထဲ ယန်ယန့်က အဲဒီမိန်းမကို သည်းမခံနိုင်တဲ့သူလို့များ မြင်နေလို့လား။ ဒီကလေးရဲ့ မွေးမိခင်က အသက်ရှင်လျက်ရှိနေတယ်ဆိုရင် ဘာလို့များ ဖုံးကွယ်ထားနေဦးမလဲ။ ဘာအခက်အခဲများ ရှိနေလို့လဲ"

Broken BondsWhere stories live. Discover now