Chapter 88

2.5K 317 12
                                    

[Unicode]

ယန်ဖေးလီသည် ကုတင်စွန်းတွင် ထိုင်ရင်း တွေဝေမှင်တက်မိနေသည်။

သူ တွေးပင်မတွေးရဲပေ။ ဒီရက်ပိုင်း မနက်အစောတိုင်း ဖြစ်နေသည့် ပျို့အန်ခြင်းများသည် ဗိုက်မကောင်းရုံလောက်ပဲကြောင့်သာ ဖြစ်ပါစေဟု သူ မျှော်လင့်နေမိသည်။ သို့သော်လည်း ပင်ပန်းနွမ်းလျလွယ်ခြင်း၊ တဖြည်းဖြည်းတက်လာသည့် ချဉ်တင်တင်အရသာများ၊ ရင်တုန်ခြင်း စသည့် လက္ခဏာများသည် ရိုးရှင်းသည့်အရာမဟုတ်ဟု ပြောပြနေသည့်နှယ်။

သူ မြင်းခြံကို မသွားတော့သည်မှာ ရက်တောင်တော်တော်ကြာနေလေပြီ။ သူ့ကိုယ်သူ သံသယစဝင်ခဲ့သည့်အချိန်ကတည်းကဖြစ်သည်။ သူ့ကိုယ်သူ ဂရုမစိုက်ဘဲ မနေရဲတော့ပါ။ ထင်ယောင်ထင်မှားဖြစ်တာပဲဖြစ်ဖြစ်၊ အထင်လွဲမိတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဖြစ်တည်နေနှင့်ပြီးသော အသက်တချောင်းကို အလောင်းအစားမလုပ်ရဲပါချေ။ သူ၏ အရေးမထားမှု၊ မဆင်မခြင်ခဲ့မှုတို့ကြောင့် စစ်မြေပြင်တွင် အသက်တချောင်းကို ဆုံးရှုံးခဲ့ရပြီးပြီပဲ။ နောက်တကြိမ် အမှားထပ်မကျုးလွန်နိုင်ပါ။ သူ မလုပ်နိုင်ပါ။


သူ ဘာလုပ်သင့်သလဲ...။ တကယ်လို့များ...

ယန်ဖေးလီသည် ဤကဲ့သို့ တွေဝေပျာယာခတ်ခြင်းမျိုး မဖြစ်ခဲ့သည်မှာ အတန်ကြာလှရှိခဲ့ပေပြီ။ ဤအခြင်းအရာသည် ရုတ်ချည်းဖြစ်ခဲ့ပြီး သူ့အတွေးထဲ ပထမဆုံးဝင်လာသည့်အရာမှာ ပေထန်အောက်နှင့် ဆွေးနွေးရန်သာဖြစ်သည်။

အရင်ဆုံးတော့ သေချာအောင် လုပ်ချင်သေးတယ်။

အတန်ငယ်တော့ ကြောက်ရွံ့နေခဲ့မိပါ၏။


ဗိုက်ကလေးကို လက်ဖြင့် ပွတ်သပ်လိုက်ကာ ဝမ်းဗိုက်ကို ခေါင်းငုံ့ကြည့်လိုက်မိသည်။ မိခင်ဖြစ်ခဲ့ဖူးသော သူ၏အတွေ့အကြုံအရ တကယ်လို့သာဆိုလျှင်... မကြာခင်တွင် ဝမ်းဗိုက်အောက်ပိုင်းရှိ ကြွက်သားများမှာ ပျောက်ကွယ်ပြီး ဗိုက်မှာ တဖြည်းဖြည်းချင်း ကြီးလာမည်ဖြစ်သည်။

ဘာလို့များ နတ်ဘုရားများက သူ့ကို ကျီစယ်နိုင်ရက်သနည်း။ ဘာလို့များ သူ့အား ထိုသို့သော ကွဲပြားခြားနားသည့် ခန္ဓာကိုယ်ကို ပေးရသနည်း။ မော်ယဲ... ဘယ်လိုတိုင်းပြည်များနည်း။ ဘာလို့များ သူတို့ထံတွင် ထိုကဲ့သို့သော ထူးဆန်းသည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုး ရှိရသနည်း။

Broken BondsWhere stories live. Discover now