Chapter 16 + 17 [Unicode]

3.2K 405 27
                                    

တုံးဖန်းရှီးနှင့် ဟွားရှန်းယန့်တို့ ထွက်သွားပြီးနောက် ယန်ဖေးလီသည်လည်း အရေးကိစ္စရပ်များအား စီမံရန် ငြိမ်းချမ်းရေးခန်းမသို့ ထွက်သွားလေတော့သည်။

ထို့နောက် နေ့လယ်စာစားပြီးနောက် ယင်းကျန်တိုင်းပြည် စစ်မြေပြင်မှ စာရွက်စာတမ်းများအား ရှန်မိန်ခြံဝင်းဆီသို့ ပို့ကာ စစ်သည်တော်များနှင့် တွေ့ဆုံဖို့ ထွက်သွားခဲ့သည်။

စစ်သည်များနှင့် တခဏမျှ လေ့ကျင့်ပြီးနောက် သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားသည် ယခင်ကလောက် မကောင်းတော့သည်ကို သတိပြုမိလေသည်။ ယန်ဖေးလီသည် ဝါးရုံဥယျာဉ်သို့ ညနေစောင်းမှသာ ပြန်သွားလေ၏။

ယန်ဖေးလီ ရေချိုးပြီး အဝတ်အစားလဲနေစဉ်အတွင်း ရှီမိန်သည် ညစာပြင်ထားသည်။ ယန်ဖေးလီသည် စားပွဲပေါ်တွင် ရှိသည့် စာလိပ်များအား ကြည့်ရင်း မနက်တုန်းက အရှေ့ရပ်တံခါးအရှင် ပြောသွားသည်များကို တွေးနေမိသည်။

ဟွားရှန်းယန့်သည် တွေ့ကရာလျှောက်ပြောမည့်လူ မဟုတ်တန်ရာ၊ တုံးဖန်းရှီးသည်လည်း သူများအတွင်းရေး စပ်စုသည့်လူမျိုးလည်း မဟုတ်ပေ။ ဒါဆိုလျှင် ဒီအတိုင်း ရိုးရိုးတန်းတန်း ယဉ်ကျေးသမှုအနေနှင့် ပြောသွားသည့် စကားပေပဲလား။ တုံးဖန်းရှီးသည် အမြဲ ထောင်လွှားသည့် လူမျိုးဖြစ်ကာ ဂိုဏ်းအရှင်သခင်များ၏ အရေးအကြောင်းကိစ္စများကိုလည်း စိတ်မဝင်စားတတ်ပေ။

ယန်ဖေးလီမှာ အချိန်အတန်ကြာ စဉ်းစားနေသော်လည်း ကောက်ချက်မချနိုင်သောကြောင့် သူတို့၏ တွေ့ဆုံမှုကို သာမန်ကာလျှံမန်ကာအဖြစ်သာ မှတ်ယူလိုက်သည်။

ဝါးရုံဥယျာဉ်၌ ရာသီဥတုမှာ ချမ်းစိမ့်ပြီး စိုစွတ်သည်။ ဖယောင်းတိုင်မီးစာ ကုန်လုဆဲဆဲအချိန်တွင် ယန်ဖေးလီ စားပွဲမှ ထလိုက်သည်။ သူ့လက်မှာ အေးစက်နေလေပြီ။ သံမီးဖိုအိုး ယူခိုင်းရန် ရှီမိန်ကို ခေါ်အံ့ဆဲဆဲတွင် တံခါးကို ဘန်းခနဲ ဆောင့်ဖွင့်သံ ကြားလိုက်ရသည်။

အေးတိအေးစက်၊ ပလွှားသည့် မျက်နှာထားနှင့် ပေထန်အောက်သည် တံခါးဝတွင် ရပ်ရင်း သူ့အား အေးစက်စက်ကြည့်နေကို တွေ့လိုက်ရသည်။

Broken BondsDove le storie prendono vita. Scoprilo ora