Chapter 102

4.1K 456 55
                                    

[Unicode]

ယန်ဖေးလီသည် သေမင်းနှုတ်ခမ်းဝနား ရောက်နေသည်ကို ပေထန်အောက် မျက်ဝါးထင်ထင်တွေ့လိုက်ရလေပြီ။ အသက်ကားရှင်သေး၏။ သူ စစ်ဆေးကြည့်လိုက်တော့ ယန်ဖေးလီမှာ အသည်းနှင့် သည်းခြေအိတ် ထိသွားခဲ့ခြင်းဖြစ်သည်။ ပေထန်အောက်သည် လီအာလေးအား မြေပြင်ပေါ်သို့ ချလိုက်ပြီး ယန်ဖေးလီကို ရင်ခွင်ထဲ ပွေ့ထားလိုက်သည်။ ဝဲဘက်ပုခုံးထံမှ စိုစွတ်သော အရည်များ စိမ့်ထွက်လာကာ အင်္ကျီကို သွေးများဖြင့် စွန်းထင်စေသည်။

ပေထန်အောက်သည် ယန်ဖေးလီ၏ သွေးကြောကို စမ်းကြည့်သော် မြားအသွားမှာ ပခုံးအရွတ်ထိသည့်တိုင် ခပ်နက်နက်စိုက်ဝင်သွားကြောင်း သိလိက်ရသည်။ မြားကို အလွယ်တကူ ဆွဲထုတ်လို့မရနိုင်ခဲ့။ ပေထန်အောက်သည် ယန်ဖေးလီအား ညင်ညင်သာသာ ပွေ့ချီပြီး ဘုရားကျောင်းထဲမှ ထွက်ကာ တောအုပ်ထဲတွင် စောင့်နေသည့် ရထားလုံးဆီသို့ အမြန်ဆုံး ခေါ်သွားခဲ့လေသည်။

ထိုနေရာတွင် ချိုးယဲ့ယွမ် စောင့်နေခဲ့ပါ၏။

ပေထန်အောက်သည် ဖြစ်နိုင်ချေများကို တွက်ချက်ပြီး ချိုးယဲ့ယွမ်ကိုပါ အပါခေါ်ခဲ့ကာ တောအုပ်ထဲတွင် အစောင့်အကြပ်များဖြင့် စောင့်ခိုင်းထားခဲ့ခြင်းဖြစ်သည်။

ချိုးယဲ့ယွမ်မှာ ယန်ဖေးလီကို မြင်မှ စိတ်သက်သာရာရသွားခဲ့သည်။

ပေထန်အောက်သည် ချိုးယဲ့ယွမ်အကူအညီဖြင့် ယန်ဖေးလီအား ရထားလုံးထဲ ထည့်လိုက်ပြီးနောက် ပေထန်ယောင့်ရိလေးကိုပါ ချီခေါ်လိုက်သည်။ ကျန်ခဲ့သည့် အစောင့်အကြပ်များသည် အန်းမင်နှင့် နောက်လိုက်များအား ဝိုင်းထားလိုက်ကြပြီး ပျောက်ဆုံးနေဆဲဖြစ်သည့် ဒုတိယမင်းသားငယ်လေးနှင့် ဝမ်ဖေးတို့အား လိုက်ရှာနေကြသည်။ ပေထန်အောက်တို့ ရထားလုံးမှာတော့ တုံ့ဆိုင်းမနေဘဲ စံအိမ်သို့ တက်သုတ်နှင်လေတော့သည်။

သွားရာလမ်းတွင် ချိုးယဲ့ယွမ်သည် ယန်ဖေးလီပခုံးကို ခွဲပြီး စိုက်နေသည့် မြားကို နှုတ်သည်။ သွေးများပန်းထွက်လာပြီး ယန်ဖေးလီမှာ နာကျင်မှုကြောင့် ညည်းညူသည်။ ညည်းညူသံမှာ တိုးညင်းလှပြီး ပေထန်ယောင့်ရိလေးနာမည်ကိုသာ ဆက်တိုက်ခေါ်နေ၏။

Broken BondsWhere stories live. Discover now