Chapter 97

2K 269 9
                                    

[Unicode]

ပေထန်အောက်နှင့် ယွီဖေးချင်း နှစ်ဦးသားမှာ မြို့ပြင်ရှိ တစပြင်ဖြစ်နေသော ခြံဝင်းဆီသို့ လူများခေါ်ကာ ထွက်လာခဲ့ကြသည်။ ခြံဝင်းဆီသို့ ချိုးဖျက်ဝင်ရောက်ပြီးသော် သူတို့ ရှာနေသည့်လူများမှာ အစအနတောင်မချန်ခဲ့ဘဲ ပျောက်ချည်းမလှ ပျောက်သွားခဲ့ပြီဟူ၍။

ယွီဖေးချင်းသည် မှုန်ကုတ်ကုတ်နှင့်ပင် ချက်ချင်း နန်းတွင်းသက်တော်စောင့်များအား ခေါ်ယူပြီး နှံ့နှံ့စပ်စပ် ရှာဖွေလေသည်။ တခဏမျှကြာပြီးနောက် နန်းတွင်းသက်တော်စောင့်များ၏ ကြွက်တကောင်၊ ကြောင်တမြီးမျှတောင် မတွေ့ပါဆိုသည့် အစီရင်ခံတင်ပြချက်သာ ရလေသည်။

ယွီဖေးချင်သည် မည်သည်ကို တွေးလို့ အတွေးဝင်နေမှန်းမသိသည့် မျက်နှာသေနှင့် ခန်းမအလယ်တွင် ရပ်နေသည့် ပေထန်အောက်ကို လှမ်းကြည့်လိုက်သည်။

"ဝမ်ရယ်..."

"ဘာမှမတွေ့ဘူး"

ပေထန်အောက်သည်လည်း ပြောလိုက်သည်။ ဤသည်မှာ မေးခွန်းမဟုတ်၊ အတည်ပြုချက်သာဖြစ်သည်။

"... ဟုတ်ပါတယ်"

ယွီဖေးချင်းမှာ အင်မတန်မှပင် ရှက်ဖွယ်လိလိဖြစ်ဖွယ်ဟု ခံစားလိုက်ရသည်။ ယခုကဲ့သို့သော အမှုကိစ္စမျိုးသည် ပေထန်ဝမ်၏ အိမ်တော်တွင် ဖြစ်နေသည်ကပင် တုန်လှုပ်ဖွယ်ဖြစ်နေလေပြီ။

ပေထန်ဝမ်ဖေးနှင့် သားတော်နှစ်ယောက်အား စုံစမ်းရှာဖွေမှုတွင် ဧကရာဇ်သည် နန်းတွင်းသက်တော်စောင့်များကို စေလွှတ်ပြီး ကိုယ်တိုင်ကိုယ်ကျ အကူအညီပေးလေသည်။

သို့သော်ငြား လွန်ခဲ့သည့် သုံးရက်တာကာလပတ်လုံး သူတို့သည် သံသယဖြစ်ဖွယ် နေရာများစွာအား ရှာဖွေခဲ့ကြပြီးပြီ။ ပေထန်ဝမ်ဖေးနှင့် သားနှစ်ယောက်သည် မည်သည့်နေရာတွင် ရှိနေသည်ဆိုသော အဓိကတရားခံ၏ သဲလွန်စရေးရေးလေးတောင် မကျန်ခဲ့။ မသိလျှင် လေအဝှေ့တွင် အရာရာမှာ ပျောက်ဆုံးသွားသကဲ့သလို့။

ပေထန်အောက်သည် အချိန်ဆွဲနေသည်ကို ရပ်လိုက်ပြီး တစပြင်ခြံဝင်းမှ ထွက်ခွာသွားလေတော့သည်။ ယွီဖေးချင်းသည်လည်း အလျင်အမြန်လိုက်ရပြန်လေ၏။

Broken BondsTahanan ng mga kuwento. Tumuklas ngayon