Chapter 89

2.3K 306 4
                                    

[Unicode]

 ယန်ဖေးလီသည် လျိုချီးကို အလုပ်ကူလုပ်ပေးရန် မြို့တော်သို့ ထွက်လာပြီး လမ်းပေါ်ရောက်တော့မှ ငူငူကြီးရပ်နေမိသည်။

သူ မြင်းခြံသို့ မသွားသည်မှာလည်း အတော်ကြာရှိလှပြီဖြစ်လေရာ အနည်းငယ်တော့ အပြစ်မကင်းစိတ်ဝင်မိသည်။ ဒီနေ့တော့ လျိုချီးက သူ့အား ချောဆွဲလာခဲ့ခြင်းဖြစ်သည်။ မထွက်လာခင်တုန်းကလည်း ယန်ဖေးလီအား ဘာရောဂါဖြစ်သလဲ သိနိုင်ရန်အတွက် သမားတော်ပြဖြစ်အောင် ပြရန်မှာထားပြီး မပြဖြစ်ပါက နောက်တကြိမ်တွင်တော့ သူ ကိုယ်တိုင် သမားတော်ပင့်လာမည်ဟု ဆိုလေသည်။

ယန်ဖေးလီမှာ လမ်းလယ်ခေါင်တွင် ရပ်နေပြီးတော့မှ မြို့တော်တောင်ဘက်ပိုင်းရှိ ဆေးဆိုင်များရှိရာသို့ ထွက်လာခဲ့လိုက်သည်။ ဆေးဆိုင်ရှေ့အထိ ရောက်သော်လည်း ရောက်ပြီးကာမှ ငူငူကြီး ထပ်ရပ်နေပြန်သည်။ သူ မလုပ်နိုင်တော့ပါ။ သက်ပြင်းသာချမိတော့သည်။

သူ့ကိုယ်သူ ဘာဖြစ်နေမှန်း သူသိသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွက် ဖြစ်ခဲ့သည့် လက္ခဏာများသည် လျော့ပါးသွားခြင်းမရှိဘဲ ပို ပို၍‌‌တောင် မြင်သာထင်သာလာသည်။ ယခုတကြိမ်တွင်တော့ သားဦးလေးကို ကိုယ်ဝန်ဆောင်ချိန်တုန်းကထက် ပိုလို့တောင်ဆိုးနေသေးသည်။

ပေထန်အောက်နှင့် တွေ့ဆုံပြီးသည့်နောက် မရေမတွက်နိုင်ခဲ့သည့် သာယာချိန်များကို သူ ပြန်ရေတွက်လိုက်မိသည်။ ပေထန်အောက်သည် အလွန့်အလွန်ကို ဂရုစိုက်ပေးခဲ့ပြီး အမှားလည်း မလုပ်ခဲ့ပါ။

သို့သော် ပထမဆုံးည... နှစ်ဦးသားလုံးမှာ ခွဲခွာခဲ့ရသည်မှာ အင်မတန်မှကို ကြာရှည်ခဲ့သည်ဖြစ်ပြီး သူသည်လည်း ဆေးမိနေခဲ့သည်။ ချစ်စိတ်ပြင်းပြမှုအဟုန်တို့ကို သူ ဘယ်လိုမှ ထိန်းချုပ်မနိုင်ခဲ့သလို ပေထန်အောက်သည်လည်း သတိမပြုမိခဲ့။ ဖြစ်နိုင်သည်မှာ ထိုစဉ်အချိန်ကတည်းကပင် သူ့ဗိုက်ထဲ မျိုးစေ့လေးချထားမိသွားခြင်း ဖြစ်ရမည်။

ယန်ဖေးလီ ခါးသက်သက်ဖြစ်စွာ ရယ်လိုက်မိသည်။

တချိန်တုန်းက ချိုးယဲ့ယွမ်ပြောစကားများကို သူ အမှတ်ရမိသည်။ မော်ယဲပြည်သားတို့၏ ခန္ဓာကိုယ်တည်ဆောက်ပုံသည် ထိုကဲ့သို့ပင် ဖြစ်သည်။ ကိုယ်လက်နှီးနှောစဉ်အချိန်အတွင်း ချစ်စိတ်ပြင်းပြမိရုံနှင့်တင် သန္ဓေတည်နိုင်သည်။ ပေထန်အောက်အပေါ် ထားရှိသည့် ချစ်စိတ်များမှာ ဘယ်လောက်ပင် နက်ရှိုင်းကြောင်း သူကိုယ်တိုင်လည်း မသိတော့ချေ။ ချစ်မြတ်နိုးစိတ် မဆိုထားနှင့် အထိအတွေ့လေးမှာတောင် မထိန်းချုပ်နိုင်မှာ စိုးရိမ်မိသည်။

Broken Bondsजहाँ कहानियाँ रहती हैं। अभी खोजें