Chapter 104

2.4K 299 10
                                    

[Unicode]

နာတယ်... နာတယ်...

ယန်ဖေးလီမှာ နာကျင်မှုကြောင့် အပြင်းအထန်တုန်ယင်နေသည်။

သူ့တကိုယ်လုံးမှာ နာကျင်မှုတည်းဟူသည့် ဆေးဆိုးကန်ကြီးထဲသို့ ပစ်ချခံရပြီး အကြိမ်ကြိမ်အဖန်ဖန် ခဝါဖွပ်နေရသကဲ့သို့နှယ်။​

ဘာလို့ ဒီလောက်တောင်ကြာနေရတာလဲ။ မြန်မြန်ပြီးပါတော့... မြန်မြန်ပြီးသွားပါတော့။


သူသည် အသံကုန်ခြစ်အော်လိုက်သော်လည်း အသံမှာမူ စိုးစဉ်းမျှပင် မထွက်လာခဲ့။

ယခုတကြိမ်သည် ပေထန်ယောင့်ရိလေးအား မွေးတုန်းကထက် အကြိမ်များစွာ ပို၍ ပင်ပန်းခက်ခဲလှပါသည်။​

ယခု သူ၏ ခန္ဓာကိုယ်သည် ကြီးစွာသောနာကျင်မှုဒဏ်ကို ခံစားနိုင်ရန် အားနည်းနေသည်ကို မဆိုထားနှင့်၊ အမြွှာလေးကြောင့် သူ့မှာ နှစ်ဆ ပို၍ နာကျင်မှုဒဏ်ကို ခံနေရတော့သည်။​

ယန်ဖေးလီ၏ အခြေအနေကို မြင်နေရသော ချိုးယဲ့ယွမ်သည် အကောင်းဘက်မှ မတွေးနိုင်တော့ချေ။​

ယန်ဖေးလီသည် လမစေ့ခင် ကလေးမွေးနေရသည်ဖြစ်ပြီး ဗိုက်ထဲမှ ကလေးများသည်လည်း အပေါ်မှအောက်သို့ အနေအထားဖြင့် နှေးကွေးစွာ ထွက်လာနေသည်။​

ထို့အပြင် သူသည် အားအင်လည်း ချို့တဲ့နေသည်ဖြစ်လေရာ အချိန်တော်တော်များများမှာလည်း မေ့မြောနေခဲ့ရသည်။

အကယ်၍များအတွင်းအားအကူအညီသာ မရခဲ့ပါလျှင် သူသည် မည်သို့မျှ မွေးနိုင်မည်မဟုတ်။​

.

ယန်ဖေးလီသည် နေ့ရောညပါ နာကျင်မှုဒဏ်ကို အလူးအလဲခံနေရသည်။​

အစပိုင်းတွင် သူ၏ ညည်းတွားသံသည် ပြတ်တောင်းပြတ်တောင်းဖြစ်နေသော်လည်း တဖြည်းဖြည်းနှင့် ပိုပြင်းထန်လာကာ အသံမှာ စိပ်လာသည်။​

ပေထန်အောက်သည် ယန်ဖေးလီ၏ နှလုံးအား အတွင်းအားဖြင့် အကာအကွယ်ပေးထားသည်။​

သို့သော် ညဉ့်ဦးယံအချိန်သို့ ရောက်သောအခါ သူသည်လည်း အသက်ကိုပင် လုရှူနေရတော့သည်။​

Broken BondsWhere stories live. Discover now