Chapter 19 + 20

3.3K 409 66
                                    

[Unicode]

ယန်ဖေးလီသည် ပေထန်အောက်၏ နောက်ကျောပြင်ကို ကြည့်ပြီး ခြေထောက်များ ခွေယိုင်လာသဖြင့် သစ်ပင်ကို မှီထားလိုက်ရသည်။ သေချာတာကတော့ သူ ထင်ယောင်ထင်မှားဖြစ်ခဲ့သည်ဆိုတာပင်။

ပေထန်အောက်၏ စကားများကို နားထောင်ရင်း ဂိုဏ်းအရှင်သခင်ကို အာရုံပျက်ပြားစေပြီး ဒေါသထွက်စေသည့်အရာမှာ သူ၏ စာလိပ်ဖြစ်သည်ဆိုတာကို သိရှိခဲ့ရသည်။ ထိုသည်ကပင် သူ့အား တားမရဆီးမရ ပျော်ရွှင်စေခဲ့ပြီး မျှော်လင့်ချက်လေး နည်းနည်းလောက်လည်း ထားရှိမိခဲ့သည်။

သူသိပါသည် မျှော်လင့်ချက်ထားဖို့ရန် မဖြစ်တန်ရာဟု။ ယနေ့ည ဖြစ်ပျက်ခဲ့သည့်အရာမှာ ပေထန်အောက်တယောက် အရက်သောက်ပြီးနောက် ဖြစ်ခဲ့သည့် ပရမ်းပတာအခြေအနေတခုပင်။

အကယ်၍များ သူသာ မမူးခဲ့ဘူးဆိုလျှင် သူ့ရင်ခွင်ထဲမှာ ခပ်ချောချော၊ ခပ်လှလှမိန်းကလေးတယောက် ရှိနေပေလိမ့်မည်။ သူသည် မကြာမီပင် လက်ထပ်ပြီး လှပသည့် မိသားစုဘဝလေးကို တည်ဆောက်တော့မည်။ အဘယ်ကြောင့်ပင် ယန်ဖေးလီအား ရင်ခွင်ထဲသို့ ထည့်ထားနိုင်ခဲ့ရပါသနည်း။ ယခုတော့ ပေထန်အောက်မှာ စိတ်အပျက်ကြီးပျက်ရပေတော့မည်။

ယန်ဖေးလီ ခေါင်းမော့ကြည့်လိုက်သည်။ သူ ဘယ်တော့မှ လက်လှမ်းမှီမည်မဟုတ်သည့် လမင်းကြီးကတော့ ကောင်းကင်ယံတွင် ထိန်ထိန်သာလျက်။

...


ချိုးယဲ့ယွမ်သည် လတ်တလောတွင် အလွန်အမင်းကို အလုပ်များလျက်ရှိနေသည်။ အလုပ်များရသည့်အကြောင်းရင်းမှာလည်း လူနာများ တမုဟုတ်ချင်း တိုးလာသောကြောင့် မဟုတ်ဘဲ သူ့အား ခေါင်းခဲစေသည့် လူနာတယောက် ထပ်တိုးလာသောကြောင့် ဖြစ်သည်။ ထို လူနာအသစ်လေးမှာ ချေးအင်မတန်များပြီး တနေကုန် သူ့အား ခြေကုန်လက်ပန်းကျစေလေသည်။

"သောက်မှာလား မသောက်ဘူးလား" ချိုးယဲ့ယွမ် ဆေးပန်းကန်ကို စားပွဲပေါ်ကို ဆောင့်ချရင်း ပြောလိုက်သည်။

ချိုးယဲ့ယွမ်၏ ချောမောလှပသည့် မျက်နှာလေးမှာ ကြောက်မက်ဖွယ်ကောင်းသည့် မျက်နှာထားဖြစ်လာပြီး အရှေ့ရှိလူကို ဒေါသဖြင့် ဝေဖန်ပြောဆိုလိုက်သည်။

Broken BondsWhere stories live. Discover now