Chapter 60

2.8K 348 20
                                    

[Unicode]

"ယန်ယန့်"

"သခင်မ"

အိန္ဒြေသိက္ခာရှိရှိ လှပနေသည့် လင်ယန်ယန့်ကို ကြည့်ရင်း ပေထန်အောက်ရော ယန်ဖေးလီမှာ အံ့ဩသွားကြကုန်၏။

"မင်းရဲ့သားက တလတောင် မပြည့်သေးတာ။ ဘာလို့ အပြင်ကို ထွက်လာရတာလဲ"

"ယောက်ျား ကျွန်မကို နုတယ်လို့ပဲ ထင်နေတာလား။ ကျွန်မနေကောင်းနေပါပြီ"

လင်ယန်ယန့်သည် ပြုံးရင်း ယန်ဖေးလီနှင့် လက်ထဲမှ ချီထားသည့် ကလေးငယ်ကို စိုက်ကြည့်နေလေသည်။

"အဲ့နေ့ညက ကလေးရဲ့ ပုံစံကို သေချာမကြည့်လိုက်ရဘူးလေ။ စစ်သူကြီးယန်... ကျွန်မ ကလေးကို ချီကြည့်လို့ရမလား"

ယန်ဖေးလီမှာ တုံ့ဆိုင်းနေမိသော်လည်း ကလေးကို လက်လွှဲပေးလိုက်သည်။

"လူချောလေးပဲ" လင်ယန်ယန့်သည် ကလေးကို ချီကာ နှံ့နှံ့စပ်စပ်ကြည့်ပြီး ချီးမွမ်းလိုက်သည်။

"ယောက်ျား... ရိအာကို မွေးနေ့အခမ်းအနား ကျင်းပပေးနေတာပဲ။ ဘာလို့ ကျွန်မကို မခေါ်သလဲ။ ကြည့်... ကိုယ့်ဘာကိုယ်ပဲ လုပ်ကြရတော့ မသပ်မရပ်ဖြစ်နေပြီလေ"

ရိအာဆိုတာက...။

ယန်ဖေးလီမှာ တဒင်္ဂမျှ နားမလည်ဖြစ်သွားရပြီး နောက်တော့မှ လီအာ့ကို ခေါ်နေကြောင်း အမှတ်ရမိသွားသည်။

လင်ယန်ယန့်သည် လီအာ၏ ဝတုတ်တုတ်လက်ကလေးထဲတွင် ကိုင်ထားသည်ကို မြင်ပြီး မျက်နှာပျက်ယွင်းသွားသည်။ ပြီးနောက်မှ ဟန်ကိုယ်ဖို့ရယ်လိုက်ရင်း...

"ဒီကလေးက တကယ်ကို ကံကောင်းတာပဲ။ ဖအေဖြစ်သူရဲ့ တံဆိပ်ပြားကိုတောင် ကောက်ထားတာပဲ။ နောင်တချိန်ကျရင်တော့ ဖအေလိုမျိုး မြောက်အရပ်တံခါးဂိုဏ်းသခင် ဖြစ်မယ်နဲ့တူရဲ့"

ပေထန်အောက်သည် မျက်ခုံးကိုသာ တွန့်ချိုးထားရင်း ဘာတခွန်းမှမဆို။

လီအာသည် လင်ယန်ယန့်ချီပိုးထားသည်ကို လိမ်လိမ်မာမာနှင့် ငြိမ်ခံနေလျက်ရှိသည်။ အမှန်တကယ်မှာတော့ သူသည် ထိုအမျိုးသမီးအား စူးစမ်းနေခြင်းသာဖြစ်သည်။ လီအာသည် သိတတ်စကည်းက သူ့ကို ပွေ့ချီဖူးခဲ့သည့် မိန်းမဆိုလို့ ချွေ့နွီနှင့် လမ်းမလျှောက်နိုင်သည့် အမယ်အိုကြီးသာဖြစ်သည်။

Broken BondsWhere stories live. Discover now