Chapter 59

2.3K 328 7
                                    

[Unicode]

ဘာတွေဖြစ်ခဲ့တာလဲ။ ဂိုဏ်းအရှင်က အရိပ်သက်တော်စောင့်ဖြစ်တဲ့ လင်ချင်းကို ယန်ဖေးလီဆီ အစေခံအနေနဲ့ အခစားဝင်ခဲ့စေသတဲ့လား။

လင်ယန်ယန့်သည် ထိုအကြောင်းအရာအား သေချာစွာ မေးမြန်းခဲ့ပြီးနောက် ဘာမှထပ်မပြောနိုင်တော့ဘူးဆိုမှသာ ပြန်လွှတ်လိုက်သည်။

အခန်းထဲတွင် ခြေနှစ်လှမ်းခန့် လျှောက်နေရင်းမှ လင်ယန်ယန့်မှာ တွေးလေလေ ထူးဆန်းလေလေဖြစ်ခဲ့ရသည်။

ဂိုဏ်းအရှင်က ဘာလို့ လင်ချင်းလို အရိပ်သက်တော်စောင့်ကို ယန်ဖေးလီဆီ အခစားဝင်ခိုင်းခဲ့တာလဲ။

ပြီးတော့ လင်ချင်းကိုလည်း စစ်မြေပြင်ဆီ အတူသွားခိုင်းခဲ့သေးတယ်။

စောင့်ကြည့်ခိုင်းဖို့အတွက်လား။ ဒါမှမဟုတ် ကာကွယ်ပေးဖို့အတွက်လား။

ဒါကကော ကလေးနဲ့ ဘာများသက်ဆိုင်မှုရှိသလဲ။

လင်ယန်ယန့်မှာ ပဟေဠိဖြစ်ကျန်ခဲ့ရ၏။

လင်ချင်းသည် ဂိုဏ်းအရှင်၏ အရိပ်သက်တော်စောင့်များထဲမှ တယောက်ဖြစ်သည်။ အမိန့်မရဘဲ ဘာတခုမှ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ အစ်အောက်မေးရင်တောင်မှ ဘာတခွန်းမှ ထွက်လာမည်မဟုတ်။

နို့တိုက်ကျွေးပြီးနောက် နို့ထိန်းဖြစ်သူက ပေထန်ယောင့်ဟွေကို ချီပြီး ထွက်လာသည်။ လင်ယန်ယန့်သည် ကလေးကို ချီပြီး အဝတ်ကို လှန်ကြည့်လိုက်သည်။ ကလေးအရေပြားပေါ်တွင် ဘာအမှတ်မှ မပါလာ။ အထူးသဖြင့် တရုတ်ဆီးသီးပန်းသဏ္ဍာန် မွေးရာပါအမှတ်။

လင်ယန်ယန့်သည် ကလေးမွေးပြီး နှစ်ရက်အကြာကတည်းက အတည်ပြုစစ်ဆေးခဲ့ခြင်းဖြစ်သည်။

သူ့ထံတွင် ပြင်းထန်သည့် စိတ်ဆန္ဒ ရုတ်ချည်းပေါ်လာသည်။ ပေထန်ယောင့်ရိဟု အမည်ပေးထားသည့် ထိုကလေးထံတွင် ပေထန်မျိုးနွယ်၏ အမှတ်သင်္ကေတဖြစ်သည့် အဆိုပါ မွေးရာပါအမှတ် ပါလာလေသလား၊ မင်ပြည်ထောင် သိုင်းပညာကို အမွေဆက်ခံနိုင်သည့် သွေးများစီးဆင်းနေမလားဆိုတာ သူ မြင်တွေ့ရမှဖြစ်မည်။

Broken BondsWhere stories live. Discover now