Chapter 50 [Unicode]

3K 319 27
                                    

တဖက်တွင်တော့ စစ်မက်အလံများ တလူလူလွင့်လို့နေသည်။ ယူနန်နှင့် ယွဲ့ပြည်ထောင်တို့၏ မဟာမိတ်တပ်ကြီးသာဖြစ်သည်။

ကျန်တဖက်ခြမ်းတွင်တော့ ကောင်းကင်ဘုံတံခါးဂိုဏ်းကို ကိုယ်စားပြုသည့် ပျံသန်းနေဟန် နဂါးပုံများ ပါသည့် အလံများ လွှင့်ထူထားသော်လည်း အများစုမှာ '文' /ဝမ်/ စာလုံးကို ပန်းထိုးထားသည့် အဝါရောင်စစ်မက်အလံများဖြစ်သည်။

ယန်ဖေးလီ အံ့အားသင့်မိသွားသည်။ ထိုသည်မှာ ဝမ်ပြည်ထောင်၏ မြင်းစီးစစ်သည်တပ် မဟုတ်ပါလော။

"ဪ... ဒီမှာနောက်ကျတဲ့လူတွေလည်း ရှိနေတာကိုး"

အေးဆေးတည်ငြိမ်သည့် အသွင်ဖြစ်သော်လည်း မကြားရတာကြာပြီဖြစ်သည့် ရွှတ်နောက်နောက်လေသံက ထွက်ပေါ်လာသည်။ အနောက်သို့ လှည့်မကြည့်ဘဲနှင့်တောင် ဘယ်သူလဲဆိုတာ ယန်ဖေးလီ သိလိုက်ပါသည်။

သူတို့နှစ်ဦး ရောက်ရောက်ချင်းပင် အဖွဲ့တဖွဲ့က သူတို့အား ဝမ်ပြည်စစ်စခန်းဆီသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ထိုအသံအား ခရီးရောက်မဆိုက် ကြားလိုက်ရခြင်းပင်။

"ဘာတွေဖြစ်ခဲ့သလဲ။ ၂ရက်တိတိတောင်နောက်ကျခဲ့တာဆိုတော့" ရှီးမန်ယွဲ့သည် စိတ်မပျော်မရွှင်ပုံဖြင့် ရှေ့တလှမ်းတိုးလာသည်။

"အိုက်ယား... လူရောက်လာတာပဲ ကောင်းပါတယ်။ စောင့်နေရတာထက်စာရင် ပိုကောင်းတာပေါ့"

"တခုခုက ငါတို့ကို နှောင့်နှေးစေလို့" ပေထန်အောက်သည် ရှီးမန်ယွဲ့အား ပေါ့ပေါ့တန်တန်ပင် ပြန်ဖြေလိုက်ပြီး တဖန် တုံးဖန်းရှီးဘက်သို့ လှည့်ကာ

"ဒီတကြိမ်တော့ အချိန်မှန်သားပဲ"

"မင်းဘက်က တောင်းဆိုတယ်ဆိုတာ ရှားတယ်လေ။ အစ်ကိုကြီးတယောက်အနေနဲ့ မျက်နှာသာပေးရမယ်မလား" တုံးဖန်းရှီး ပြုံးရင်း ပြောလိုက်သည်။

ပေထန်အောက်က ရယ်လိုက်ကာ ယွဲ့ပြည်ထောင်စစ်တပ်အား အဝေးမှ ကြည့်လိုက်ရင်း...

"ဆီဦးထောပတ်က ပါးစပ်ရှေ့ရောက်နေပြီပဲ။ မစားဘဲနေတော့မလို့လား"

Broken BondsWhere stories live. Discover now