Chapter 62

2.5K 325 30
                                    

[Unicode]

"ဂိုဏ်းအရှင်..."

ယန်ဖေးလီမှာ သွေးများ ခမ်းခြောက်သွားသည့်နှယ် ဖြူဖျော့လာလေသည်။ သူ့အောက်တွင် ရှိနေသည့် အမျိုးသမီးမှာလည်း ထိတ်လန့်စွာဖြင့် ဝတ်ရုံကို အလျင်စလို ဆွဲချလိုက်သည်။

"နောက်ကျနေပြီဆိုပေမဲ့လည်း စစ်သူကြီးယန်မှာ အချိန်ကောင်းလေး ရှိနေတဲ့ပုံပါလား"

ပေထန်အောက်သည် ပုံမှန်အမူအရာဖြင့်သာ ပြောလိုက်သော်လည်း မျက်လုံးထဲရှိ အေးစက်မှုများမှာ တင်းမာနေကာ လေသံမှာလည်း ထူးထူးခြားခြား ပျော့ပျောင်းနေသည်။

ယန်ဖေးလီ ထရပ်လိုက်သည်။ စိတ်ထဲမှာတော့ ဗြောင်းဆန်နေလေပြီ။ ရှင်းပြမယ်ကြံသော်လည်း ဘာစကားမှ ထွက်မလာခဲ့။ လက်နှစ်ဖက်ကိုသာ ပွတ်ချေနေမိသည်။

"ဘယ်လိုကံကောင်းတဲ့မိန်းကလေးမျိုးက စစ်သူကြီးယန်ရဲ့ အိပ်ရာပေါ်ထိ တက်သွားနိုင်တာလဲ"

ခေါင်းငုံ့ထားသည့် မိန်းမငယ်လေးသည် ပေထန်အောက်စကားအား ကြားသော် တုန်တက်သွားလေသည်။ ပြီးနောက် ပေထန်အောက်အရှေ့တွင် ရုတ်ချည်းဒူးထောက်ထိုင်ချလိုက်တော့သည်။

"မဟုတ်ပါဘူး... အဲ့လိုမဟုတ်ရပါဘူး။ အထင်လွဲနေတာပါ"

"အထင်လွဲနေတာ ဟုတ်စ"

လန်အာသည် တုန်ယင်နေပြီး အသံမှာလည်း တိုးညှင်းလာသည်။

"ညဉ့်နက်သန်းခေါင် ယောက်ျားနဲ့ မိန်းမက အတူရှိနေကြတာ။ အိပ်ရာပေါ်မှာ လူးလှိမ့်ထားလို့တောင် အဝတ်တွေတွန့်ကြေနေပြီ။ ဒါကိုတောင် ငါ့ကို အထင်လွဲနေတာလို့ ပြောနိုင်သေးတယ်"

"ငါက ဘာကို အထင်လွဲတာလဲ။ ပြောလေ" ပေထန်အောက် အော်လိုက်သည်။

သူ့အရှေ့ရှိ လူနှစ်ဦးလုံးမှာ အထိတ်တလန့်ဖြစ်သွားကြသည်။ လန်အာသည် ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် ဂိုဏ်းအရှင်ကို တခါမှ မမြင်ဖူးသောကြောင့် တကိုယ်လုံးမှာ ပျော့ခွေသွားပြီး မြေကြီးပေါ်သို့ တုန်ယင်စွာဖြင့် လဲကျသွားသည်။ ယန်ဖေးလီသည်လည်း လန်အာ့ဘေးတွင် ဝင်ဒူးထောက်လိုက်သည်။

Broken BondsWhere stories live. Discover now