Chapter 28

2.9K 380 7
                                    

[Unicode]

ချိုးယဲ့ယွမ်ရောက်လာသော် ပေထန်အောက်သည် ချိုးယဲ့ယွမ်အား ယန်ဖေးလီနှင့်အတူ ရထားလုံးပေါ် တက်စေလိုက်သည်။ သူကိုယ်တိုင်ကတော့ မော့ရွှယ်ကို စီးနင်းကာ လင်ချင်း၊ စစ်သည်တော် အယောက်သုံးဆယ်နှင့်အတူ ဟွာမြို့သို့ ခရီးဆက်ကြသည်။

လမ်းခရီးတလျှောက်၌ ပေထန်အောက်သည် ဖြစ်ပျက်ခဲ့သမျှကို စဉ်းစားလာခဲ့သည်။ ယန်ဖေးလီသည် ထိုစကားများကို ပြောပြီးနောက် တမင်ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်၍ဖြစ်စေ ပေထန်အောက်ကို ကျောပေးသွားခဲ့ခြင်း ဖြစ်သည်။ ယန်ဖေးလီသည် ထပ်မတွေးတော့ပါဘူးဟု ပြောခဲ့သော်လည်း ထိုသို့မဟုတ်ဆိုတာ ပေထန်အောက် သိနေသည်။

သူမပြောခဲ့သင့်ပါ။ ပေထန်အောက်သည် အေးတိအေးစက်နိုင်ကာ သူ၏ ရာထူးဂုဏ်ဒြပ်ကြောင့်လည်း သူသည် တပါးသူအား မည်သို့ နှစ်သိမ့်ပေးရမည်ဆိုသည်ကို သိရှိသူမဟုတ်။ လီအာလေးအား သူ ခေါ်ယူသွားခဲ့စဉ်က ယန်ဖေးလီကို ပြောခဲ့ဖူးသည့် စကားများသည် သူ့ခေါင်းထဲတွင် တဖန်ပြန်ပေါ်လာသည်။ သို့ဖြစ်လင့်ကစား ကလေးလည်း မရှိတော့ပေ။ သူ့စကားများသည် အဆင်အခြင်မဲ့သည်၊ အကြင်နာမဲ့သည်ဆိုသော်ငြား သူသည် ယန်ဖေးလီကို ဘယ်လိုပြောရမည်မှန်းကို တကယ့်ကို မသိပါချေ။

ရထားလုံးထဲတွင်တော့ ယန်ဖေးလီသည် ပေထန်အောက် ပြောသည်မှာ မှန်ကြောင်း တွေးနေမိသည်။ သူသည် ကလေးအကြောင်းဆက်မတွေးတော့ဘဲ မေ့ပစ်ရမည်။ သို့တည်းတိုင်အောင် ပေထန်အောက် ပြောစကားထဲတွင် မှားယွင်းသည့်အရာတခုတော့ ရှိသည်။ ဤကိစ္စအတွက် သူသည် အပြစ်တင်ကို တင်ခံရမည်။ ကလေးပျက်ကျသွားသည့်ကိစ္စသည် သူ့တာဝန်လုံးလုံးဖြစ်ပါ၏။ သူသည် ဂိုဏ်းမှထွက်မသွားသင့်ပါ။ ပေထန်အောက်ကိုလည်း မရှောင်ခဲ့သင့်ပါ။ စစ်မြေပြင်မှာလည်း မရှိခဲ့သင့်သလို သတိမမူဘဲလည်း မနေသင့်ပါ...။ ယန်ဖေးလီ မျက်လုံးအစုံအား ပိတ်မှိတ်လိုက်သည်။

မျက်ရည်များသည် ယမန်နေ့ညတွင် အကုန်အစင် စီးဆင်းခဲ့ပြီးပြီဖြစ်သောကြောင့် ယခုတွင်တော့ နှလုံးသားထဲမှ ငိုကြွေးမြည်တမ်းရန်သာ တတ်နိုင်ပေတော့၏။

Broken BondsNơi câu chuyện tồn tại. Hãy khám phá bây giờ