Chapter 105 [The Finale Unicode]

3.3K 304 16
                                    

ယခုနှစ်ကုန်ပိုင်းသည် ဆောင်းဝင်နောက်ကျဟန်တူသည်။​

တစ်ဆယ့်နှစ်လမြောက် လလယ်တွင်တော့ ပထမဆုံးသောနှင်းသည် ဖြည်းညင်းစွာ ကျဆင်းလို့လာခဲ့သည်။​


"ဖေးလီ... ဒီည သာတဲ့လက လှတယ်။ ကြည့်ချင်လား။ မင်းက လမင်းကြီးကို ကြည့်ရတာ ကြိုက်တယ်ဆိုတာ ကိုယ်သိတယ်။ အပြင်မှာ နှင်းကျနေတယ်ဆိုပေမဲ့ ကိစ္စမရှိပါဘူး။​ မင်း မအေးအောင် ကိုယ်လုပ်ပေးမယ်"


ပေထန်အောက် ပြုံးရယ်လိုက်ရင်း ယန်ဖေးလီအား မွှေးပွင်္အကျီကို ခြုံပေးလိုက်သည်။​

 ပြီးနောက် ယန်ဖေးလီအား အသာအယာ ပွေ့ချီလိုက်ကာ ခြံဝင်းထဲသို့ ခေါ်ထုတ်သွားပြီး နွေးထွေးသည့် ဥယျာဉ်ကနားအတွင်း ဝင်ထိုင်လိုက်သည်။​


မြင်ကွင်းမှာ အင်မတန်မှကို သာယာလှပ၏။​

 ငွေရောင်သမ်းနေသည့် ဖြူဆွတ်ဆွတ်နှင်းများက တောက်ပပြီး နူးညံ့လှသလို တချိန်တည်းမှာပင် ကြော့ရှင်းပြီး ဆွဲဆောင်မှုအပြည့်ရှိနေသည်။​


ပေထန်အောက် နူးညံ့စွာဆိုလိုက်သည်။​

"ကိုယ် မင်းကို ပထမဆုံးအကြိမ် စတွေ့တုန်းက ဒီလိုညမှာပဲနော်။​ လက ထိန်ထိန်သာနေတယ်။​ ရာသီဥတုကလည်း ဒီညလိုပဲ​ အေးစိမ့်နေခဲ့တယ်။ မင်းက အဲ့တုန်းက တောင်ကြားထဲကနေ မြင်း ဒုန်းစိုင်းစီးပြီး ရောက်ချလာခဲ့တာလေ။ လက်ထဲမှာလည်း ဓားရှည်တချောင်းကိုင်ပြီး။ ဝတ်စုံနက်နဲ့... သတ္တိအပြည့်... အရပ်ရှည်ရှည် ခပ်ချောချောကောင်လေး။​ 

အဲ့တုန်းကတော့ ကိုယ်တွေးနေခဲ့တာက ကျင်းဧကရာဇ်ကို အပိုင်းပိုင်းခုတ်ထစ်ဖို့ လိုက်ရှာနေတဲ့ ဘယ်ကထွက်လာမှန်းမသိတဲ့ အရူးလေးပဲပေါ့။​ ဒါပေမဲ့ မင်းကို ကြည့်နေရင်းနဲ့ပဲ ကိုယ် တကယ် အံ့ဩသွားခဲ့တယ်။ မင်းက မြင်းပေါ်ကနေဆင်းပြီး ကိုယ့်ရှေ့ကို တည့်တည့်လျှောက်လာရင်း ကိုယ့်ကို စိုက်ကြည့်နေခဲ့တာလေ..."


ပေထန်အောက်သည် ယန်ဖေးလီအား မွှေးပွင်္အကျီအား သေချာအောင် ထပ်မံ ခြုံပေးလိုက်ပြီး တင်းကျပ်စွာ ဖက်ထားလိုက်သည်။​

Broken BondsWhere stories live. Discover now