04 + 05 [Unicode]

3.3K 445 19
                                    

ပေထန်အောက်သည် ယန်ဖေးလီ၏ ရေခဲများကပ်နေသော အင်္ကျီကို ဆုတ်ဖြဲကာ ချိုးယဲ့ယွမ် ရှာတွေ့လာသော အင်္ကျီဖြင့် လဲလှယ်ဝတ်ပေးလိုက်သည်။

ယန်ဖေးလီသည် အားနည်းနေသည်ဖြစ်လင့်ကစား ပေထန်အောက်တယောက် သူ့အား အိပ်ရာပေါ်မှ မ, တင်ပြီး သူ့အင်္ကျီအား ဆုတ်ဖြဲနေသည်ကို ခွင့်ပြုထားရပေသည်။ သူ၏ မို့မောက်နေသည့် ဝမ်းဗိုက်မှာလည်း ဂိုဏ်းအရှင်အရှေ့တွင် လှစ်ပြလျက်ရှိနေသည်။

ပေထန်အောက်သည် တချိန်က ကောင်းစွာအချိုးကျလှသော ယန်ဖေးလီ၏ ခန္ဓာကိုယ်မှာ ယခုကဲ့သို့ ပုံပန်းမကျဖြစ်နေသည်ကို ကြည့်နေသည်။ ကျန်ရစ်နေခဲ့သည့် အမာရွတ်များမှာလည်း ဝမ်းဗိုက်ပူပူဖောင်းဖောင်းပေါ်တွင် အရုပ်ဆိုးအကျည်းတန်စွာ နေရာယူထားသည်။ အကြောင်းရင်းမရှိ သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲနှင့် သူ၏ စိတ်နှလုံးမှာ ဒေါသဖြစ်လာရသည်။

ချိုးယဲ့ယွမ်မှာတော့ ပေထန်အောက်တယောက် ကလေးမီးဖွားပေးခြင်းကို ညှင်သာမှုကင်းမဲ့စွာဖြင့် ပြုလုပ်နေသည်ကို နံဘေးမှနေ၍ပဲ မျက်မှောင်ကြုံ့လျက် ကြည့်နေလေသည်။

"အား..." ယန်ဖေးလီမှာ အစောကတည်းကပင် နာကျင်နေလေပြီ။ အဝတ်များ လဲလှယ်ပေးနေသည်မှာ ပို၍ပင် သည်းမခံနိုင်တော့လောက်အောင် ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်မှာ ကွဲထွက်သွားတော့မတတ်ပင်။

သူ၏ ခန္ဓာကိုယ်တကိုယ်လုံးမှာ နာကျင်မှုများ ဖုံးလွှမ်းနေပြီး ထုံထိုင်းလုမတတ်။ သို့သော်ငြားလည်း နာကျင်မှုနှင့်စာလျှင် သူ့မှာ ဂိုဏ်းအရှင်ရှေ့တွင် ဤကဲ့သို့ ကာယဣန္ဒြေပျက်ပြားနေခြင်းက သူ့အတွက် ပို၍ ဝန်လေးနေလေသည်။

"ဂိုဏ်းအရှင်..." ယန်ဖေးလီသည် ပေထန်အောက်၏ မကြည်မလင်ဖြစ်နေသော မျက်နှာထားအား ကြည့်ကား အသနားခံလိုက်သည်။

"ထွက်-ထွက်သွားပေးပါ... ဒီမှာ မနေပါနဲ့"

ပေထန်အောက်သည် သူ၏စကားအား လစ်လျူရှုလိုက်ပြီး သူ့ကို ဆုပ်ကိုင်လိုက်ကာ လက်နှစ်ဖက်ကို ကုတင်အစွန်းတွင် ချည်နှောင်လိုက်သည်။

Broken BondsDonde viven las historias. Descúbrelo ahora