Chapter 86 + 87 [Unicode]

2.6K 310 12
                                    

ယန်ဖေးလီသည် ပေထန်အောက်ရင်ခွင်ထဲတွင် မောဟိုက်နေသော်လည်း ဤအနေအထားမှာ လွန်စွာကို သက်တောင့်သက်သာမဖြစ်လှဟု ခံစားနေရသည်။

ယောက်ျားနှစ်ယောက် ပွေ့ဖက်နေသည် မဆိုထားနှင့် ပွေ့ဖက်ရင်း မျက်နှာချင်းဆိုင်နေရသည်မှာ အင်မတန်ကိုပင် ထူးဆန်းလှနေပြီ။ သို့ပါလင့်ကစား ပေထန်အောက်မှာ ယန်ဖေးလီအား တင်းတင်းကြပ်ကြပ်ဖက်ထားသည်မှာ ရုန်းထွက်၍တောင်မရနိုင်။

ခန္ဓာကိုယ်အရွယ်အစားချင်းယှဉ်လျှင်လည်း ယန်ဖေးလီမှာ ပေထန်အောက်ထက် ပိုပိန်သည်။

ယန်ဖေးလီ၏ ခန္ဓာကိုယ် အရိုးအဆစ်မှာ ကျကျနန ဖွဲ့စည်းထားပြီး သန်မာသော်လည်း ကြွက်သားများမှာတော့ ထိုသို့မဟုတ်။ ပေထန်အောက် သူ့ကို ဖက်လိုက်ချိန်တိုင်း သူ ဘယ်တုန်းကမှ ရုန်းမထွက်နိုင်ခဲ့ပါ။

မီးကုန်ယမ်းကုန် ကျရောက်လာသည့် အချစ်များကို ယန်ဖေးလီ သည်းမခံနိုင်တော့သည့်အဆုံး ပေထန်အောက်အား သနားသက်ညှာခွင့်တောင်းရတော့သည်။ သို့သော်လည်း ပေထန်အောက် ရပ်ပေးမည်ဆိုသည်မှာ သူ၏ဆုတောင်းလေးမျှသာ။ ယန်ဖေးလီ၏ အသနားခံမှုက သူ့အား ပေထန်အောက်၏ အောက်တွင် အော်ညည်းဖို့ရန်အပြင် တခြားမရှိ။

ယန်ဖေးလီ မှေးခနဲ အိပ်ပျော်ပြီး ပြန်နိုးလာချိန်မှာတော့ ပေထန်အောက်ရင်ခွင်ထဲမှာပဲ ရှိနေသေးသည်ကို သိလိုက်ရသည်။ အသက်ရှူသံကို နားထောင်ပြီး ပေထန်အောက်လည်း နိုးလာတော့မည်ဟု ခန့်မှန်းလိုက်၏။

ထို့နောက် သူ ပေထန်အောက်ပြန်သွားရသည့် အကြောင်းရင်းကို သတိရသွားပြီး မေးလိုက်သည်။

"ချန်းကျီး... ကလေးရော သက်သာရဲ့လား။"

"ဟင်..."

ပေထန်အောက် မျက်လုံးဖွင့်လိုက်သည်။ ယန်ဖေးလီ မေးနေသည့်အကြောင်းအရာကို ချက်ချင်းသဘောပေါက်တာမို့ ပြန်ဖြေလိုက်သည်။

"အင်း"

"ကလေးက ရေကျောက်ဖြစ်တာလို့ ကြားလိုက်တယ်။"

သူ မြို့တော်ထဲ ရောက်တော့ ကြားခဲ့ရသည့် သတင်းကို ပြန်ပြောလိုက်သည်။

Broken BondsWhere stories live. Discover now