Chapter 74

2.5K 310 11
                                    

[Unicode]

"ခမည်းတော် သူက ဘယ်သူလဲဟင်"

ပေထန်ယောင့်ရိလေးသည် ယန်ဖေးလီကို လက်ညိုးညွှန်ပြပြီး မေးလိုက်သည်။

မင်းသားလေးက သူ့အား စိုက်ကြည့်နေသည်ကို သတိထားမိသော် ယန်ဖေးလီမှာ ဆတ်ခနဲ တုန်ယင်သွားရလေတော့သည်။

"သူက..."

ပေထန်အောက် တခဏ စဉ်းစားလိုက်ပြီးမှ -

"သူက သားတော်ရဲ့ ရိဖု"

ပေထန်အောက်စကားကို ကြားသော် ယန်ဖေးလီ၏ နှလုံးသားမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရသည်။

ဒီဘဝတွင် သူသည် ကလေးနှင့်ပတ်သက်၍ ဘာမှ မသက်ဆိုင်တော့သည်မှန်း သိပါသည်။ သက်ဆိုင်ခဲ့ရင်တောင် သူဟာ မွေးစားအဖေဆိုတာထက် မပိုခဲ့။ နှလုံးအိမ်မှာ နာကျင်ရပါတော့သည်။

ပေထန်အောက်သည် ကလေးကို အောက်ချလိုက်ပြီး ယန်ဖေးလီဆီသို့ ခေါ်သွားသည်။

"ရိအာ... ရိဖုလို့ ခေါ်လိုက်"

ပေထန်ယောင့်ရိလေးသည် ယန်ဖေးလီအား ကြည့်ရင်း တရိုတသေဖြင့် ခေါ်လိုက်သည်။

"ရိဖု..."

ယန်ဖေးလီမှာ စိတ်လှုပ်ရှားသွားရတော့သည်။

သူသည် မင်းသားလေးကို ချီပိုးရန် လက်လှမ်းလိုက်သော်လည်း လက်ပြန်ရုတ်လိုက်သည်။ ပြီးနောက် ပြုံးရင်း...

"လီအာလေးတောင် အရွယ်ရောက်လာပြီပဲ"

"လီအာ...."

ပေထန်ယောင့်ရိလေးမှာ ဇဝေဇဝါဖြစ်သွားရသည်။

ပေထန်အောက်သည် ရိအာ လို့သာ ခေါ်သည်ကို သူ အမှတ်ရမိသွားသည်။ သူ ပေးခဲ့သည့် နာမည်လေးသည် မလိုအပ်တော့ပေ။

ပေထန်အောက်သည် အစောင့်အကြပ်ရဲမက်များကို လက်ဟန်ပြလိုက်ပြီး မြင်းများကို ယူခိုင်းစေသည်။ ပြီးနောက် ပေထန်ယောင့်ရိလေးနှင့်အတူ မြင်းပေါ်တက်ပြီး ယန်ဖေးလီကို လှမ်းပြောလိုက်သည်။

"မင်း ဖမ်းခဲ့တဲ့ မြင်းဘုရင်ကို လိုက်ပြချေ။"

ယန်ဖေးလီမှာ အံ့အားမသင့်ဘဲ မနေနိုင်တော့ပါ။ မြင်းဘုရင်ကို သူ ဖမ်းခဲ့သည်မှန်း ပေထန်အောက် မည်သို့ သိရှိသွားခဲ့ပါသနည်း။ သူ လှမ်းကြည့်လိုက်သော် ပေထန်အောက်သည် နှုတ်ခမ်းအား ကော့ညွတ်အောင် ပြုံးနေသည်။

Broken BondsWhere stories live. Discover now