Chapter 40 + 41

2.8K 364 32
                                    

[Unicode]

"ဂိုဏ်းအရှင်... ဂိုဏ်းအရှင်..."

ယန်ဖေးလီ၏ မျက်ရည်များမှာ တာရိုးကျိုးလာသည့်နှယ်။


"ဖေးလီ... သတိကပ်စမ်း"

သံကြိုးကြီးကို ဆွဲနေဆဲ ယန်ဖေးလီမှာ ပေထန်အောက်အသံအား ကြားကြားချင်း ရပ်တန့်သွားသည်။ သူသည် ပေထန်အောက်အား ဗလာကျင်းစွာ ကြည့်လိုက်ပြီး နောက်ဆုံးသော အကြောင်းပြချက်တစွန်းတစမှာလည်း ကွယ်ပျောက်သွားခဲ့တော့သည်။

"ဂိုဏ်းအရှင်... နာလားဟင်"

"ဘာကို..." ပေထန်အောက်သည် ယန်ဖေးလီ၏ ပရမ်းပတာဖြစ်နေသည့် မျက်နှာအမူအရာကို ကြည့်လိုက်သည်။

"ဂိုဏ်းအရှင်... နာလားဟင်"

ယန်ဖေးလီသည် ပေထန်အောက်ခန္ဓာကိုယ်မှ ဒဏ်ရာများကို ထိကြည့်နေသည်။ လက်ချောင်းလေးများသည် ဒဏ်ရာပေါ်တွင် ညင်သာစွာဖြင့် ခပ်ဖွဖွလေး ပြေးလွှားနေသည်။ သွေးစီးကြောင်းများမှာ မခြောက်သေးသလို လက်တွင်လည်း သွေးတို့ဖြင့် ချင်းချင်းနီနေသည်။

ယန်ဖေးလီ၏ နှလုံးသားမှာ သွေးစိမ်းရှင်ရှင်ကျနေသည့်နှယ်။


အကြင်သူ ငယ်စဉ်ဘဝကတည်းက သူသည် အနောက်မှ လိုက်ပါခစားခဲ့သည်။

သူ၏ အထွတ်အမြတ်ထားရာ၊ သူ ယုံကြည်အားကိုးရာ၊ သူ သစ္စာရှိသည့် အရှင်သခင် ...။

အခုတော့ ဘယ်လိုများတောင် အဆက်ဆံခံထားရတာပါလဲ။

ဆေးစွမ်းကြောင့်လား၊ ခံစားချက်များကို မထိန်းချုပ်နိုင်တော့သည်လား သူ မသိတော့ပါ။ နီရဲနေသည့် သွေးစီးကြောင်းများနှင့် အကျည်းတန်လှသည့် ကြာပွတ်ရာများသည် သူ့အား ကောင်းကောင်းကို နှိုးဆွနိုင်ပါပေသည်။ သူ့မျက်လုံးမှာ နီရဲနေပြီး မျက်ရည်များမှာ စီးကျကာ၊ ပုံစံမှာလည်း ထိတ်လန့်စရာဖြစ်နေလေသည်။

"ဖေးလီ... ဣန္ဒြေထိန်းစမ်း" ပေထန်အောက် ထပ်အော်လိုက်သည်။

သို့သော်လည်း ယန်ဖေးလီမှာ ပေထန်အောက်ကိုယ်ပေါ်မှ ကြာပွတ်ရာများကို ငေးကြည့်ရင်း ဘာမှ မတုံ့ပြန်။ ထိုသို့သော ယန်ဖေးလီကို ကြည့်ကာ ပေထန်အောက်မှာ သက်ပြင်းချလိုက်ပြီး ကလေးတယောက်ကို ချော့မြှူသကဲ့သို့ နူးညံ့စွာဖြင့် ပြောလိုက်သည်။

Broken BondsWhere stories live. Discover now