Chapter 83+84+85 [Unicode]

2.8K 305 12
                                    

"ယန်ယန့်... မင်း မသိတာ ပိုကောင်းမယ်။ ဒီနှစ်တွေမှာ မင်း ပြောင်းလဲသွားပြီ။ ပီကင်းကို ရောက်ကတည်းက နေ့တိုင်းနေ့တိုင်း ဒီဘုရားကျောင်းဆောင်ကိုပဲ လာတယ်။ မင်းက ငါ သိခဲ့တဲ့ ယန်ယန့် မဟုတ်တော့သလိုပဲ။ ဒါမှမဟုတ် ငါပဲ အရင်ကတည်းက မသိခဲ့တာများလား။ ငါ မင်းကို

ဟွေးအာကို စောင့်ရှောက်ပေးဖို့အတွက် ယုံကြည်စိတ်ချခဲ့တယ်။ မင်း သူ့ရဲ့ မုဖေးလုပ်ဖို့ ကတိခံပြီးမှတော့ ကိုယ့်ကတိ ကိုယ်တည်တာ ကောင်းလိမ့်မယ်။"

ပေထန်အောက် ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်သည်။

လင်ယန်ယန့်သည်လည်း ပြုံးလိုက်ရင်း -

"မင်းသား... ရှင်လည်း ရှင့်ကတိမတည်ခဲ့ဘူးပဲလေ။ မှတ်ရောမှတ်မိသေးလား။"

"ဘယ်လိုလုပ်ပြီး မတည်ရမှာလဲ။ အစတုန်းကတော့ ငါ မင်းနဲ့ တသက်လုံးအတူ ရှိသွားဖို့ ဆန္ဒရှိခဲ့တယ်။ နှမြောစရာက ငါတို့က ဝေးပြီးရင်း ဝေးနေပြီ။ ငါပေးခဲ့တဲ့ မူလကတိ... အကြင်လင်မယားလို မင်းတယောက်ကိုပဲ တသက်လုံး ချစ်ပေးမယ်လို့ ငါ မပြောခဲ့ဘူး"

လင်ယန်ယန့်သည် သတိလက်လက်လွတ် ငေးမောနေရင်းမှ တဖြည်းဖြည်း ပြန်တည်ငြိမ်သွားကာ ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောခဲ့သည်။

"ရှင် ပြောတာမှန်ပါတယ်။ ကျွန်မတို့က ကိုယ်လိုအပ်တာ ကိုယ် ယူကြတာပဲလေ။ ကြည့်ရတာ ကျွန်မ အိပ်မက်အကြာကြီး မက်နေခဲ့မိလို့ ပြန်နိုးလာရမယ်ဆိုတာ မေ့နေခဲ့တာပဲ။ ဟွေးအာ... ကျွန်မ သူ့ဆီ သွားလိုက်ပါမယ်။ သူ့ရဲ့ မုဖေးလည်း ဖြစ်ပေးမှာပေါ့။ နေ့တွေ ကျန်သေးတာပဲ။"

ချာခနဲ လှည့်သွားသော လင်ယန်ယန့်အနောက်သို့ ပေထန်အောက် လိုက်ကြည့်လိုက်သည်။

လင်ယန်ယန့်၏ နီရဲတောက်နေသော လက်သည်းချွန်များသည် သူ(မ)လက်ထဲ သူ(မ) ထိုးစိုက်နေခဲ့သည်ကိုတော့ဖြင့် သူ မမြင်ခဲ့ပါ။ နောက်တနည်း သူ(မ)၏ လှပသော မျက်နှာလေးသည် ဘယ်လောက်တောင် အကျည်းတန်သွားခဲ့သည်ဆိုတာကိုလည်း သူ မမြင်သွားခဲ့။

ပေထန်ယောင့်ရိလေးသည် ထောင့်နားတွင်ကပ်ကာ ပုန်းနေသည်။ သူသည် ကိုယ်ဖော့ရာတွင် အလွန်တော်သည်။ ပေထန်အောက်မှာ စိတ်လှုပ်ရှားလွန်နေသောကြောင့်လည်း ရိအာလေးအား မတွေ့သွားခဲ့။ မိဘများ ပြောနေကြသည့် စကားကို သူ အကုန်အစင်ကြားလိုက်ပါသည်။ သူသည် ငယ်သေးသော်ငြား တချို့သော ကိစ္စရပ်တွေကိုတော့ဖြင့် နားလည်နေလေပြီ။ ဥပမာပြောရလျှင် သူသည် မုဖေး၏ သားအရင်းမဟုတ်သည့် အကြောင်းအရာလိုမျိုး။

Broken BondsWhere stories live. Discover now