Chapter 81 + 82 [Unicode]

2.6K 328 14
                                    

ပေထန်အောက်နှင့် ယန်ဖေးလီတို့သည် မြက်ခင်းပြင်ကို ဖြတ်၍ အေးအေးလူလူ လမ်းလျှောက်လာခဲ့ကြသည်။

ဒီရက်ပိုင်းအတွင်းတွင် သူတို့သည် ကြင်စဦးမောင်နှံများကဲ့သို့ ချစ်မြတ်နိုးမှုများ ခြုံလွှမ်းနေကြပြီး ညတိုင်းညတိုင်းလည်း မခွဲနိုင်မခွာရက် ငြိထွေးနေခဲ့ကြသည်။ ပေထန်အောက်၏ စရိုက်မှာ မထီမဲ့မြင်ဟန်၊ ရမ္မက်တဏှာကို စိတ်မဝင်စားသည့် စရိုက်ဖြစ်သော်လည်း အခုမှာတော့ သူသည် ညတိုင်းညတိုင်း ယန်ဖေးလီ ခြေကုန်လက်ပန်းကျသွားသည်အထိ ချစ်ရည်လူးချင်မိသည့်စိတ်သာ ရှိနေတော့သည်။

သူတို့နှစ်ယောက်၏ ထိုအချိန်တိုင်းတွင် ယန်ဖေးလီသည် သူ့အား နာခံလေ့ရှိသည်။

ထို့ကြောင့် ပေထန်အောက်သည် အပြန်အလှန်အနေဖြင့် ယန်ဖေးလီအား စိတ်ရင်းအမှန်ဖြင့် ဆက်ဆံကာ သူကိုယ်တိုင် ရှက်ဖွယ်အမူအရာများ ပြုလုပ်ပြီး အိပ်ရာပေါ်တွင် သာယာကြည်နူးစေသေးပါသည်။

ချိုမြိန်သည့် နေ့ရက်တွေ ဖြတ်သန်းပြီးလေလေ ထိုနေ့ရက်များ ကုန်ဆုံးသွားမှာကို စိုးရိမ်ကြောင့်ကြမှုတွေက ပိုများများလေလေ။

"ချန်းကျီး... လီအာ့ကို ဒီမှာ ဘယ်နှစ်ရက်လောက်ခေါ်ထားမှာလဲ။ ဘယ်တော့ ပြန်ဖို့လုပ်ထားလဲ။"

"နောက် တရက် နှစ်ရက်ဆို...။ ဘာလို့ မေးတာလဲ။"

"ငါ မမေးရင်တောင် အနှေးနဲ့ အမြန် ပြန်ရတော့မှာမလား။ ဒီရက်ပိုင်း ညီလာခံရော မတက်ရဘူးလား။"

"ဒီတခေါက် ကိုယ် ရန်သူကို အောင်နိုင်ပြီး ပြည်တော်ပြန်နိုင်ခဲ့လို့ ဧကရာဇ်က တတိုင်းပြည်လုံးကို ကြိုဆိုပွဲ လုပ်ခိုင်းထားတာလေ။ ပြီးတော့ ကိုယ့်ရဲ့ ဒဏ်ရာကလည်း မသက်သာသေးဘူးဆိုတော့ ပြန်သက်သာလာတော့မှပဲ ညီလာခံ သွားချင်တဲ့အချိန် သွားလို့ရတယ်။"

ပေထန်အောက်ပခုံးမှ ဒဏ်ရာသည် ကြွက်သားထိခိုက်ဒဏ်ရာဖြစ်သည်။ သူသာ သာမန်လူဖြစ်ပါက လက်မောင်းဖြတ်ပစ်ရမည့်အထိပင်။ မင်ပြည်ထောင်၏ ကိုယ်ခံပညာကို ကျင့်ကြံခဲ့ခြင်းကြောင့်သာ ဒဏ်ရာကို ကုစားနိုင်ပြီး ပြန်လည်ပျောက်ကင်းနိုင်မည်သာဖြစ်သည်။

Broken BondsWhere stories live. Discover now