Chapter 80

2.6K 298 4
                                    

[Unicode]

ပီကင်းရွှေမြို့တော်၊ ပေထန်မင်းသားစံအိမ်တော်၊ ခြံဝင်း၏ အတွင်းကျကျတနေရာ၊ ဘုရားကျောင်းဆောင်ခန်းမ။

အဖြူရောင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ယောက်ျားလေးဖြစ်ဟန် ကလေးငယ်လေးသည် ဘုရားဆင်းတုတော်အရှေ့တွင် ပုဆစ်တုပ်ထိုင်နေသည်။ ခေါင်းလေးမှာ အရှေ့သို့ ငိုက်ကျလျက်ရှိနေရာ ဖြူဖြူဖွေးဖွေး လည်ဂုတ်သားလေးမှာ အထင်းသားပေါ်နေ၏။

ပုဆစ်တုပ်ထိုင်နေရသည်မှာ ကြာလှရှိနေပြီး အောက်တွင် ထူထဲကာ နူးညံ့သည့် အခင်း ရှိနေတာတောင်မှ ကလေးငယ်၏ နုနယ်လှသည့် အရိုးများမှာ မခံနိုင်ချေ။ သို့သော်လည်း ကလေးငယ်မှာ တုပ်တုပ်ပင် မလှုပ်ရဲ။

ဖြူစင်ပြီး ကြည်လင်နေသည့် မျက်နှာလေးပေါ်တွင်တော့ မျက်ရည်စီးကြောင်းကြီးက ရှိနေလေသည်။

နို့ထိန်းအမေဖြစ်သူက အနားသို့ ရောက်လာပြီး ခြောက်ကပ်တိတ်ဆိတ်နေသည့် ကျောင်းဆောင်ထဲတွင် ဒူးထောက်တုန်ယင်နေသည့် ကလေးငယ်လေး၏ ပုံစံလေးကို မြင်ပြီး စိတ်မကောင်းဖြစ်သွားရသည်။

မကြည့်ရက်နိုင်သော်လည်း ပေထန်ဝမ်ဖေး၏ အမိန့်ကို မလွန်ဆန်ရဲ။

သက်ပြင်းအသာချကာ ခေါင်းခါရမ်းပြီး တိတ်တဆိတ်သာ ပြန်ထွက်သွားပါတော့သည်။

"ကိုယ့်အမှားကိုယ် သိပြီလား။"

ဗြောင်ရှင်းနေသော်လည်း ကျက်သရေတင့်တယ်လှသည့် ဝတ်စုံဝတ်ဆင်ထားသည့် လင်ယန်ယန့်သည် အစေခံမလေးများ တွဲကူပေးမှုဖြင့် ကျောင်းဆောင်ထဲ ဝင်လာပြီး အေးတိအေးစက်ပြောလိုက်သည်။

ကလေးငယ်လေးက ခေါင်းကို မော်ကြည့်လိုက်သည်။

မျက်နှာတခြမ်း လှစ်ဟသွားသည့်အခါ နှစ်လို့ဖွယ်ရာမျက်နှာလေးက ရိပ်ခနဲ ပေါ်ထွက်လာသည်။

အရွယ်မရောက်သေးသည့် ကလေးငယ်လေးသာ ဖြစ်သေးသော်လည်း ရှားပါးသည့် ထိုအလှက အံ့အားသင့်ဖွယ်ပင် ကောင်းနေပါသည်။

"သား... သား... သားမှားမှန်းသိပါပြီ။"

"ဒါဆို ဘာမှားခဲ့လဲ"

Broken BondsWhere stories live. Discover now