08 [Unicode]

3K 360 10
                                    

တရုတ်နှစ်သစ်ကူး ဒုတိယနေ့၊ နေ့လယ်ခင်းအချိန်အခါ။

ရာသီဥတုက အေးစက်နေပြီး သိပ်သည်းစွာ ကျဆင်းခဲ့သည့် နှင်းများမှာ အရည်မပျော်တတ်သေး။ ပတ်ဝန်းကျင်မှာ ဆီးနှင်းများဖြင့် ငွေရောင်တလက်လက်ထနေသည်။ နှစ်တိုင်းဒီအချိန်ဆိုလျှင် လက်အောက်ငယ်သားများနှင့် အလုပ်သမားများမှာ နှစ်သစ်ကူးနှုတ်ဆက်ရန်အတွက် အိမ်ပြန်သွားကြသည်ဖြစ်ရာ အစောင့်များသာ ကျန်ခဲ့လေသည်။ ထို့ကြောင့်ပင် အရပ်တံခါးလေးပေါက်၏ အတွင်းခြံဝင်းမှာ ကျီးနှင့် ဖုတ်ဖုတ်ဖြစ်နေသည်ဟု ထင်ရသယောင်။

မြောက်အရပ်တံခါးအရှင်၏ ရှန်မိန်ခြံဝင်းအတွင်းတွင် လူတယောက်သည် အေးစက်လွန်းလှသည့် နှင်းတောထဲတွင် ဒူးထောက်နေသည်။ ထိုလူသည် အဖြူရောင်အင်္ကျီတထပ်တည်းသာ ဝတ်ဆင်ထားခြင်း ဖြစ်သည်။ အနက်ရောင်ဆံနွယ်ရှည်မှာ ဖရိုဖရဲဖြင့် ပခုံးပေါ်တွင် ကျနေပြီး မျက်နှာမှာလည်း ဖြူဖပ်ဖြူရော်၊ မျက်တွင်းတွေလည်း ကျကာ သူ့ ကြည့်ရသည်မှာ စိုးရိမ်စရာကောင်းလှပေသည်။ သို့သော်ငြားလည်း သူသည် အလွယ်တကူ ကျိုးပဲ့မည်မဟုတ်သော ဂုဏ်ရှိန်မောက်သည့် မက်မန်းပင်ကဲ့သို့ မတ်မတ်ထိုင်နေလေ၏။

ပေထန်အောက်သည် အစဉ်အမြဲ ဆိတ်ဆိတ်နေတတ်သူဖြစ်ရာ စကားမများတတ်သလို ပျော်ပျော်နေတတ်သည့်သူလည်း မဟုတ်ပါချေ။ သူသည် တသီးတခြားဖြစ်သည့် မြောက်ဘက်ခြံဝင်းတွင် နေထိုင်ပြီး အစေခံမှာလည်း များများစားစားမရှိပါ။ အများစုမှာ အသက်ကြီးသူများ ဖြစ်သည်။

အခါအားလျော်စွာ ဖြတ်လျှောက်သွားသည့် အစေခံငယ်လေးသည် ယန်ဖေးလီအား စေ့စေ့ပင် မကြည့်ရဲပါ။ အဘယ်ကြောင့်ဆိုသော် မြောက်တံခါးအရှင်သခင်သည် ယန်ဖေးလီအား ဂရုမစိုက်ရန်နှင့် နေရာတွင်ပင် ဒူးထောက်လျက်သား ရှိစေခိုင်းသောကြောင့် ဖြစ်သည်။

အမြဲတစေ တည်ငြိမ်နူးညံ့သည့် ယန်ဖေးလီသည် ဒီမနက်တွင် ခြံဝင်းထဲသို့ အင်္ကျီဖရိုဖရဲ၊ မျက်နှာဖြူရော်ရော်ဖြင့် အပြေးအလွှားရောက်ချလာသည်။

ပေထန်အောက်သည် လင်ယန်ယန့်ကို ခေါ်ဆောင်ကာ အမွှေးနံ့သာပူဇော်ရန် သွားဖို့ပြင်ဆင်နေသည်ဖြစ်သည်။ ယန်ဖေးလီသည် စကားတခွန်းမဆိုဘဲ နှစ်ယောက်အရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။

Broken BondsTempat cerita menjadi hidup. Temukan sekarang