Chapter 90

3K 341 10
                                    

[Unicode]

ပေထန်အောက်သည် နံဘေးတွင်‌ ငေးကြောင်ကြောင်ဖြစ်စွာ ရပ်နေသည်။ ယန်ဖေးလီသည် ရေများနှင့် စွပ်ပြုတ်ရည်များသာ အန်ထွက်ခြင်းဖြစ်သည်။ ပေထန်အောက်မှာ ကြည့်နေရင်း ရင်ထဲ တင်းကြပ်လာကာ မျက်ခုံးမှာလည်း တွန့်ချိုးထားမိသည်။ တအောင့်ကြာမှသာ ဖြည်းညင်းစွာဖြင့် ယန်ဖေးလီနောက်ကျောအား ခပ်ဖွဖွပုတ်ပေးရင်း မေးလိုက်သည်။

"ဖေးလီ... ဘာဖြစ်တာလဲ။ ဘာလို့ ဒီလောက်အန်နေရတာလဲ။"

ယန်ဖေးလီမှာ ခေါင်းသာခါပြီး စကားမပြောနိုင်။

ယန်ဖေးလီ မတ်တပ်ရပ်နိုင်ရန် ပေထန်အောက် တွဲကူပေးသည်။ ယန်ဖေးလီ၏ တကိုယ်လုံးမှာ ခွေယိုင်လို့နေပြီး လက်ဖျားများမှာလည်း အေးစက်နေသည်။ ယန်ဖေးလီ၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။ အတွင်းအားမှာ ကမောက်ကမနှင့်။

"ဘာဖြစ်တာလဲ။ နေထိုင်မကောင်းဖြစ်နေတာကို ဒီတိုင်းထွက်သွားဖို့ ပြောရဲသေးတယ်လား မင်း။ ကိုယ်သာ လိုက်မပို့ရင် မင်း ဒီလိုပုံစံနဲ့ ဘယ်လိုပြန်မလဲ။"

ယန်ဖေးလီသည် ယခုနတုန်းက ပေထန်အောက်၏ အပြုံးကို အမှတ်ရမိလိုက်သည်။ သူသည် လမ်းထောင့်တွင် ရပ်နေသည်ဖြစ်သော်လည်း ပေထန်အောက်၏ ချိုမြိန်နူးညံ့သည့် အပြုံးလေးကို လှမ်းမြင်ခဲ့ရသည်။ သူ ဘယ်လိုမှမတတ်နိုင်။ စိတ်ထဲ ခါးသက်သက်နှင့် ဒေါသလည်းထွက်မိသည်။

"မင်းသားက ကျွန်တော့ကို လိုက်ပို့ပေးဖို့မလိုပါဘူး။ ကိုယ့်ဘာကိုယ်ပဲ ပြန်လို့ရပါတယ်။ စိတ်ပူတော်မူပေးလို့ ကျေးဇူးပါ။"

ယန်ဖေးလီသည် သူ့အား 'ချန်းကျီး' ဟုလည်း မခေါ်၊ 'ဂိုဏ်းအရှင်' ဟုလည်း မခေါ်ဘဲ 'မင်းသား' ဟုသာ အေးစက်စက်ခေါ်လိုက်သည်ကို သတိထားမိသွားသည်။ စိတ်မကျေမနပ်မှုများဖြင့် ပေထန်အောက်သည် မျက်မှောင်ကြီးကြုံ့လိုက်ပြီး -

"ဖေးလီ... ဘာကို စိတ်ဆိုးနေတာလဲ။ ဒဏ်ရာရထားလို့လား။ အတွင်းအားကလည်း ဘာလို့ မတည်ငြိမ်နေရတာလဲ။"

"ဒဏ်ရာလည်း မရသလို စိတ်လည်းမဆိုးပါဘူး။"

"ဘာလို့ ခေါင်းမာနေရတာလဲကွာ။ ကိုယ့်အရှေ့မှာ ဖိအားပေးဖို့မလိုဘူးလေ။"

Broken BondsWhere stories live. Discover now