Chapter 92

2.6K 318 3
                                    

[Unicode]

ယန်ဖေးလီ၏ အခြေအနေကို သဲသဲကွဲကွဲ သိရပြီဖြစ်သောကြောင့် ပေထန်အောက်သည် ယန်ဖေးလီအား မြင်းခြံသို့ ပြန်ရန် ခွင့်မပြုတော့ပါချေ။ ယန်ဖေးလီသည်လည်း ဆက်လက်မငြင်းဆိုတော့ပါ။ သို့သော်လည်း အိမ်တော်ရာတွင် နေထိုင်ရန်မှာ မသင့်တော်လှ။

ယောက်ျားတယောက်က ဤနေရာတွင် မီးဖွားမည်ဆိုပါက ဘယ်လောက်တောင်များ သဘာဝယုတ္တိနှင့် မညီလိုက်မည်နည်း။

ပေထန်အောက်သည် ဘာကိုမှ ဂရုမစိုက်သည်ဆိုဦးတော့ လုံခြုံရေးနှင့် ဘေးကင်းရေးကို ထည့်တွက်ရပေမည်။ ထို့ကြောင့် သူသည် ယန်ဖေးလီအား နောက်ထပ်စံအိမ်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ပထမအချက် - ထိုနေရာသည် တောင်တန်းကြီးများ ဝန်းရံနေပြီး ရေများလည်း ကြည်လင်ကာ စိတ်ကို ငြိမ်းချမ်းသာယာစေသည်။ ဒုတိယအချက် - ထိုနေရာသည် ချောင်ကျသောကြောင့် လူလည်း အနည်းငယ်မျှသာ ရှိကာ လူအများ၏ ပါးစပ်ပေါက်များနှင့် မျက်စိများမှ ရှောင်ရှားနိုင်သည်။

အလိုအလျှောက်ပင် ချိုးယဲ့ယွမ်သည်လည်း ယန်ဖေးလီအား ကြည့်ရှုစောင့်ရှောက်ရန်အတွက် အတူတူ လိုက်ပါပြောင်းရွှေ့သွားခဲ့လေသည်။

...

.


နောက်ထပ် ၂လကြာပြီးသည့်နောက်တွင် ယန်ဖေးလီ၏ ကိုယ်ဝန်ဆောင်လက္ခဏာများမှာ သိသိသာပြလာသည်။ ထိုသည်မှာ ပထမအကြိမ်ကိုယ်ဝန်ဆောင်ခဲ့တုန်းကထက် ပြင်းထန်လှသည်။ ယခုထိတောင်မှ အအန်မသက်သာသေး။

ဗိုက်မှာလည်း တဖြည်းဖြည်း သိသိသာသာ ထွက်လာရာ နွေတွင် ဝတ်သည့် ဝတ်စုံခပ်ပါးပါးနှင့်ဆိုလျှင် တော်တော်လေးကို ထင်သာမြင်သာဖြစ်နေလေပြီ။

ပေထန်အောက်သည် စံအိမ်တဝိုက်တွင် အရိပ်သက်တော်စောင့်များ ထားရှိစေသည်။

အပြင်ဘက် ခြံဝင်းတွင် ခစားရသော အစေခံများသည် အတွင်းဘက်ခြံဝင်းထဲသို့ မဝင်စေရ။ ပေထန်အောက်သည် ယန်ဖေးလီအား အဖော်ပြုရန် ပြုစုစောင့်ရှောက်ပေးရန်အတွက် စံအိမ်ဆီသို့ နေ့တိုင်းလာသည်။ သူသည် ကလေးနှစ်ယောက်အဖေဆိုသော်လည်း ယန်ဖေးလီ၏ ပထမကိုယ်ဝန်တုန်းက မွေးခါနီးဖွားခါနီးတော့မှသာ သိရှိခဲ့ရခြင်းဖြစ်သည်။ လင်ယန်ယန့်တုန်းကလည်း သူသည် စစ်မြေပြင်သို့ ရောက်ရှိနေခဲ့ခြင်း။ ထို့ကြောင့် သူ့မှာ ကိုယ်ဝန်ဆောင်အခြေအနေအား တခါမှ မတွေ့ကြုံဖူးခဲ့။

Broken BondsWhere stories live. Discover now