Chapter 65

3.2K 393 54
                                    

[Unicode]

"ဂိုဏ်းအရှင်... ကျွန်တော် သွားပါတော့မယ်။ နောက်ဆို လီအာ့ကို ကောင်းကောင်းဂရုစိုက်စောင့်ရှောက်ပေးပါ"

"မင်း ပြောဖို့မလိုဘူး"

"ဂိုဏ်းအရှင် လီအာ့ကို သိပ်ချစ်ကြောင်း ကျွန်တော် သိပါတယ်" နွမ်းလျမှုလေး တစွန်းတစက အပြုံးရိပ်တွင် ထင်ဟပ်သွားသည်။ ကူကယ်ရာမဲ့မှုလေးကပါ ရောယှက်လျက်။

"သခင်မကကော"

ယန်ဖေးလီ ဘာဆိုလိုကြောင်း ပေထန်အောက် နားလည်လိုက်သည်။

"အဲဒီအတွက်တော့ မစိုးရိမ်ပါနဲ့။ ယန်ယန့်က အပြင်မှာ နူးညံ့သလို အတွင်းစိတ်က သန်မာတယ်။ အမူအကျင့်တွေကိုလည်း ကောင်းကောင်းထိန်းချုပ်နိုင်တယ်။ ဟွေ့အာအပေါ်ကို ကောင်းမှာမှန်ပေမဲ့ လီအာ့အပေါ်လည်း ကောင်းပေးမှာပါ"

"ကျွန်တော် ယုံပါတယ်" ယန်ဖေးလီသည် ခေါင်းငုံ့ကာ လီအာ့ကို ကြည့်ရင်း ပြောလိုက်သည်။

"ကျွန်တော် ယုံပါတယ် သူက မိခင်ကောင်းဖြစ်မယ်လို့..."

ထိုနေ့ကတည်းက လီအာသည် လင်ယန်ယန့်ရင်ခွင်ထဲတွင် ငြိမ်သက်ကာ စူးစမ်းနေခဲ့သည်ကို ကြည့်ရင်း ယန်ဖေးလီ သိခဲ့ပါသည်။ ထိုမိန်းမသည် ကလေး ချစ်တတ်ဟန်မပေါ်သော်လည်း သူ(မ)သည်သာ ပေထန်အောက်၏ ကလေးများမိခင်ဖြစ်ဖို့ရန် အသင့်တော်ဆုံးပင်။ သူ(မ)ထံ၌ ယန်ဖေးလီတွင် ချို့တဲ့နေ့သည့် အရာလည်း ရှိသည် မဟုတ်ပါပေဘူးလား။ ထိုသည်မှာ စစ်မှန်သည့် မိခင်တယောက် ပိုင်ဆိုင်သင့်သည့် အရာပင်။ မိခင်ဘဝ။

ယန်ဖေးလီသည် မိဘမဲ့တယောက်ဖြစ်သောကြောင့် ဘဝတလျှောက်လုံးတွင် ထိုသည်မှာ မည်ကဲ့သို့သော အရာဖြစ်ကြောင်း တခါမှ မသိခဲ့ဖူးပါ။ ငယ်စဉ်ကလေးဘဝ၊ မိဘမဲ့ဖြစ်ခဲ့စဉ်အခါတုန်းက ဝိုးတဝါးအာသီသလေးတော့ ရှိခဲ့ဖူးသည်။ လင်ယန်ယန့်သည် လီအာ၏ မွေးမိခင်မဟုတ်သော်လည်း ယောက်ျားတယောက် မပေးနိုင်သည်ကို ပေးနိုင်စွမ်းတော့ ရှိလေသည်။ လီအာ့အတွက်တော့ ထိုသည်ကပင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ယန်ဖေးလီ၏ပုံစံမှာ အနည်းငယ်မျှ ထူးဆန်းနေသောကြောင့် ပေထန်အောက် စိတ်မသက်မသာပင် ဖြစ်နေရလေပြီ။ သို့သော်လည်း ယန်ဖေးလီမှာ ထိခိုက်လွယ်ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။ သူသည် ဂိုဏ်းမှ ထွက်ခွာရပြီး ကလေးငယ်ကို ထားခဲ့ရသည် မဟုတ်လော။ ကျိုးကြောင်းဆီလျော်ပေသည်။

Broken BondsWhere stories live. Discover now