Chapter 103

2.1K 269 13
                                    

[Unicode] 

ယန်ဖေးလီသည် အိပ်ရာပေါ်တွင် မှီခိုလဲလျောင်းနေသည်။ မျက်ခွံမှာ ပိတ်လုပိတ်ခင်။ အဖေနှင့် သား ပြောသည့်စကားများကို နားစွင့်နေလေ၏။

"ရိဖုက ကလေးလေးမွေးရင် သားရဲ့ ညီလေးညီမလေး ဖြစ်လာမှာလား" ပေထန်ယောင့်ရိလေးက မေးလိုက်သည်။​

"ရိဖုမွေးလာမယ့်ကလေးတွေက မင်းရဲ့ ညီလေးညီမလေးတွေပေါ့"

ပေထန်ယောင့်ရိလေးသည် ခေါင်းကို ငုံ့ကာ တိတ်ဆိတ်စွာ နေလေသည်။​ တအောင့်ကြာသောအခါမှ -

"သားသိတယ်... သားကလည်း ရိဖုရဲ့ ကလေးပဲဆိုတာ"

ထိုစကားကို ကြားသော် ယန်ဖေးလီသည် လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ပေထန်အောက်အား တုန်လှုပ်စွာဖြင့် လှမ်းကြည့်လိုက်သည်။​

ပေထန်အောက်သည်လည်း ပေထန်ယောင့်ရိလေးအား လှမ်းကြည့်လိုက်ပါသော်လည်း သူ ဘာကြောင့်များ ဤကဲ့သို့ တွေးလိုက်သလဲ မေးမကြည့်ခဲ့ပါချေ။

သူ မေးလိုက်သည်က -

"လီအာကရော ခမည်းတော်နဲ့ ရိဖုတို့ရဲ့ ကလေးဖြစ်ချင်လား"

ပေထန်ယောင့်ရိလေးသည် ယန်ဖေးလီ၏ ဗိုက်ပေါ်အား မေးတင်လိုက်ပြီး အထဲရှိ အငယ်လေးများကို ပွတ်သပ်ပေးလင့်ကစား ယန်ဖေးလီ၏ ဗိုက်အား ဖြည်းညှင်းစွာ ပွတ်သပ်လိုက်ပြီး -

"ဒါပေ့ါ.... သားက ရိဖုရဲ့ ကလေးဖြစ်ရတာပဲ... အရမ်းကောင်းတယ်"

ယန်ဖေးလီသည် စိတ်လှုပ်ရှားစွာဖြင့် ပေထန်ယောင့်ရိလေးအား ဖြည်းညှင်းစွာ ဆွဲလိုက်ပြီး တုန်ယင်စွာဖြင့်ပင် -

"လီအာ... ဒါဆို ခေါ်ပါ—- ခေါ်ပါဦး..."

"တျဲတျဲ..."

ပေထန်ယောင့်ရိလေးသည် ယန်ဖေးလီအား သူ၏ လက်သေးသေးလေးဖြင့် ထခုန်ဖက်လိုက်တော့သည်။​

ပေထန်ယောင့်ရိလေးက သူ့အား တင်းတင်းကျပ်ကျပ် ဖက်လိုက်သည့်အပေါ် ယန်ဖေးလီသည်မှာလည်း အံ့ဩမိသွားလေသည်။​

ထိုမြင်ကွင်းအား ကြည့်နေသည့် ပေထန်အောက်သည်လည်း ရင်ထဲတွင် ကျေနပ်အားရနေမိတော့သည်။​

Broken BondsWhere stories live. Discover now