အခန်း ၁

9.8K 726 8
                                    

အပိုင်း ၁

ညနေငါးနာရီ မထိုးသေးသော်လည်း ကောင်းကင်က မည်းမှောင်နေသည်။ တိမ်မည်းများက ညလိုက်ကာများအလား ခပ်နိမ့်နိမ့် လွှမ်းထား၏။

သည်းထန်သော မိုးက အထပ်မြင့် တိုက်ခန်း ပြတင်းကို ဆောင့်ရိုက်နေသည်။ အခန်း၏ အလင်းကလည်း တဖျတ်ဖျတ် ဖြစ်နေ၏။ အခန်း၏ ပိုင်ရှင်ကား အသက်နှစ်ဆယ်အရွယ်သာ ရှိဦးမည့် ကုဝူကျီဟုခေါ်သော ခံ့ညားသည့် ကောင်လေးဖြစ်သည်။ သူသည် မီးဖိုခန်းအတွင်း ညစာချက်သည့် ကိစ္စကိုသာ အာရုံစိုက်ထား၏။

သို့သော် ကုဝူကျီ၏ ထူးဆန်းသော လုပ်ရပ်များကို ကြည့်ရုံဖြင့် သူကား ဟင်းချက်ခြင်းတွင် ကျွမ်းဝင်ခြင်း မရှိကြောင်း သိနိုင်သည်။ ကြက်တစ်ကောင်ကို သတ်လိုသော်လည်း လုပ်ရမည့် ဖြစ်စဉ်ကို မသိပေ။ ထို့ကြောင့် သူ့ခမျာ မနည်းရုန်းကန်ရာ တစ်ကိုယ်လုံး ကြက်သွေးများ ရွှဲကုန်၏။သူကမူ သူ၏ ဆိုးရွားသော ဟင်းချက်စွမ်းရည်ကို သတိမထားမိဟန်ဖြင့် တက်ကြွစွာ အင်္ကျီလက်ကို ခေါက်တင်သည်။ သူ အားအင်စိုက်ထုတ်ကာ စချက်ရန် ပြင်ဆင်၏။

ထိုအခိုက် နဂိုကတည်းက မငြိမ်သော လှုပ်ခတ်လှုပ်ခတ်ဖြစ်နေသည့် မျက်နှာကြက်မှ တွဲလောင်းကျလျက်ရှိသည့် မီးလုံးက စိတ်ဝိညာဉ်ကုန်ဆုံးသွားသည့်ပမာ အပြီး ပိတ်ကျသွားသည်။ ထို့နောက် စိတ်ဓာတ်ကျဖွယ်ကောင်းပြီး ရန်စလိုဟန်ရှိသော ခံစားချက်တစ်မျိုးက ရုတ်တရက် ထွက်ပေါ်လာသည်။

မိုးသည်းသော ည၏ မိုးခြိမ်းသံနှင့် လျှပ်စီးလက်သံကား ပိုပိုပြီး ပြင်းထန်လာသည်။ အခန်းအတွင်းကျသော လျှပ်စီးအလင်းက တဖြည်းဖြည်းချင်း ပုံပေါ်လာသည်မှာ လူသားတစ်ယောက်၏ သဏ္ဌာန်ဖြစ်သည်။ ထိုလူသားကား လက်တစ်စုံကို ဆန့်တန်းလျက် ကုဝူကျီထံ ဦးတည်နေသည်။

"ပဲငံပြာရည် ပုလင်းလေး ယူပေးပါ ကျေးဇူးပါပဲ"

ကုဝူကျီ၏ တက်ကြွကာ ပျော်ရွှင်နေသော အသံက ထွက်လာသည်။

သူ၏ စကားက တစ်စုံတစ်ရာ မှားယွင်းသွားသကဲ့သို့ ထိုအရိပ်လည်း ချက်ချင်းလိုလို အေးခဲသွားလေသည်။ ထို့နောက် မည်သူမျှ မထိသော်လည်း ဗီရိုပေါ်ရှိ ပဲငံပြာရည်ပုလင်းက ချက်ချင်းလိုလို ပြင်းထန်သော အရှိန်ဖြင့် မြောက်တက်လာကာ ကုဝူကျီ၏ အရှေ့ရှိ စားပွဲပေါ်သို့ လိမ့်ကျလာ၏။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now