အခန်း ၈၂

1.9K 229 3
                                    

အပိုင်း ၈၂

လောင်းကစားရုံပိုင်ရှင်က သူသိထားသမျှအရာအားလုံးကိုပြောပြသည်။

မကြာခဏ လူပေါင်းများစွာသေသော အချိန်စတင်ပြီးကတည်းက သူ၏လောင်းကစားအိမ်၏ လုပ်ပိုင်ခွင့်များက ဆုံးရှုံးခဲ့ပြီး ပိုင်ဆိုင်မှုများကလည်း အကြောင်းပြချက်မရှိ ပျောက်ဆုံးနေခဲ့သည်။ ထို့အပြင် သဲလွန်စလည်းရှာ၍မရချေ။ ညဘက်စောင့်ကြည့်သူများ အစောင့်ထားသည့်တိုင်အောင် နောက်ရက်တွင် ပျောက်မြဲပျောက်နေသေးသည်။ ညဘက်တွင် စောင့်နေသောလူများက ပြင်းထန်သောထိုးနှက်ချက်ကိုခံလိုက်ရသလိုမျိုး သတိလက်လွတ်ဖြစ်နေကြပြီး ဘာကိုမျှ ပြန်မပြောနိုင်ကြချေ။

ထိုကဲ့သို့အခြေအနေမျိုးကို သာမန်သူခိုးများက မလုပ်နိုင်ကြချေ။ ကြောက်စရာကောင်းသော အချို့သောတည်ရှိမှုကြီးများပင်ဖြစ်နိုင်သေးသည်။ ဖြစ်နိုင်ခြေကိုတွေးမိသည်နှင့် ပိုင်ရှင်က အလွန်ထိတ်လန့်သွားသည်။ ထို့ကြောင့် သူက ဆုကြေးထုတ်ထားပြီး ယုံကြည်အားကိုးရသောလူကိုရှာဖွေကာ သည်ကိစ္စကို ဖြေရှင်းခိုင်းလိုခြင်းဖြစ်သည်။

သို့သော် သူ မထင်ထားသည်မှာ သည်နေရာသို့ လာရောက်သမျှလူတိုင်းက ကြောင်တောင်တောင်များသာ ဖြစ်ကြသည်။ အချို့လူများကမူ မဆိုးရှာကြသော်လည်း ပြဿနာကိုမဖြေရှင်းနိုင်ကြချေ။ ထိုသို့ဖြင့် အရူးအနည်းငယ်သာပါလာခဲ့သည်။

"မင်းတို့သာ ဆန္ဒရှိမယ်ဆိုရင် ဒီည ဒီနေရာမှာ အနားယူပါလို့တောင်းဆိုချင်တယ်"

ပိုင်ရှင်က ပြောသည်။

"ဒီနေရာမှာနေဖို့ စီစဉ်ပေးထားတဲ့လူတွေက တစ်ညလောက်ပဲနေပြီးတာနဲ့ အားလုံးရူးသွားကြတယ်၊ ဒါကြောင့် မင်းတို့တွေ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားသင့်တယ်"

[အရန်တာဝန် .. လောင်းကစားအိမ်မှာတစ်ညတာနေထိုင်ပါ၊

တာဝန်ပါအကြောင်းအရာ .. မှောင်သွားတဲ့အချိန်ကစပြီး လောင်းကစားအိမ်ထဲမှာ နေပါ၊ နောက်တစ်နေ့ အာရုဏ်တက်တဲ့အထိ အသက်ရှင်လျက်နေထိုင်နိုင်အောင် ကြိုးစားပါ၊ ညလယ်ခေါင်မှာလည်း လောင်းကစားအိမ်ရဲ့ပတ်ဝန်းကျင်ကနေ ထွက်သွားလို့မရနိုင်ဘူး၊ ဒီမစ်ရှင်ကို ရှုံးနိမ့်သွားခဲ့ရင်တောင်မှ ဘာအပြစ်မှ အပေးမခံရပါဘူး]

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now