အခန်း ၂

4.6K 635 34
                                    

အပိုင်း ၂

ကုဝူကျိက အခြားတစ်ဖက်၏ တိတ်ဆိတ်ငြိမ်သက်နေမှုအပေါ် အလွန်စိတ်ဝင်စားသွားခဲ့၏။ သူ အချိန်အတန်ကြာ စိုက်ကြည့်ပြီးနောက်တွင် တစ်စုံတစ်ရာက လွဲမှားနေကြောင်း ခံစားလိုက်ရသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာအတွေ့အကြုံအရ ကုဝူကျိတွင် သာမန်မိတ်ဆွေများ မရှိပေ။ ထိုအစား သဘာဝလွန်တည်ရှိမှုအချို့၊ သို့မဟုတ် ထိုကဲ့သို့ ထူးခြားသောအရာများနှင့်အတူတကွ ပျော်စရာကိစ္စများကို ဖန်တီခြင်းမျိုးတွင် ပို၍အတွေ့အကြုံများသည်ဟု ဆိုရမည်ဖြစ်သည်။ ဒါက သူ့ကို ဤထူးခြားသော သဘာဝလွန်အရာများအပေါ် နားလည်မှုတွင် သာမန်လူများထက်ပင်ပို၍ အတွေ့အကြုံ များနေစေသည်။

"ဒီသရဲတွေက ... သူတို့ကြည့်ရတာ ..."

မျက်လုံးမရှိကြဘူးလား။

ဒါက စိတ်ဓာတ်ကျဖွယ်ကောင်းသည်။ သူတို့ သေဆုံးသွားသည့်တိုင်အောင် မျက်စိမမြင်ခြင်းက အခက်အခဲ ရှိနိုင်သေး၏။ ကုဝူကျိအတွက် ထိုသရဲများအပေါ် စာနာစိတ်ပင် ဝင်သွားမိသေးသည်။ ထိုအချိန်တွင် ဘေးဘက်တွင်ရှိသော လက်ရွေးစင်လူထံမှ အသံတစ်သံထွက်လာသည်။

"ဘာတွေကြည့်နေတာလဲ မြန်မြန်သွားရအောင်၊ ငါတို့ ဒီအရာတွေ အနားကပ်လာခွင့်ပြုလို့မဖြစ်ဘူး၊ သူတို့က သာမန်အကျဆုံးနဲ့ အသိဉာဏ်မရှိတဲ့ ဖုတ်ကောင်တွေလို သရဲတွေဆိုပေမဲ့ ငါတို့ ကိုင်တွယ်ဖို့တော့ ခက်ခဲနေသေးတယ်"

"အာ ကောင်းပါပြီ"

ကုဝူကျိက ခေါင်းညိတ်ပြီးနောက် အရှေ့သို့ မြန်မြန်ဆန်ဆန် တက်သွားသည်။ အခြားသူများအတွက် သူ လမ်းဖယ်ပေးလိုက်သေး၏။

အချိန်တိုအတွင်းတွင် မည်သူကမျှ နောက်တွင် မကျန်ရစ်လိုကြပေ။ မည်သူကမျှ သည်နေရာတွင် မနေရစ်လိုကြပေ။ ထို့ကြောင့်အေးစိမ့်သော မည်းမှောင်သော မြက်ခင်းပြင်ကို ဖြတ်ကျော်သွားပြီး နောက်ဆုံးတွင် ဗီလာ၏အပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။ သို့သော် မဝင်နိုင်သေးခင်မှာပင် သူတို့အဖွဲ့ထဲတွင်ပါသော စုံတွဲမှ ကောင်မလေးက တုန်ယင်သွားသည်။

"ဘာဖြစ်တာလဲ"

အားလုံး ထိတ်လန့်သွားကြသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now