အခန်း ၄

3.5K 536 13
                                    

Unicode

အပိုင်း ၄

အဓိကဝင်ပေါက် ပိတ်သွားသောအခါ အခန်းတစ်ခုလုံးက အမှောင်ကျသွားသည်။ သည်အထဲတွင် လူသုံးယောက်သာလျှင်ရှိနေ၏။ မည်သူကမျှ အသံမထွက်ရဲကြပေ။ အပြင်တွင် မည်သို့ဖြစ်ပျက်နေကြောင်းကိုလည်း မည်သူမျှမသိကြပေ။ ထိုသရဲမက အဝေးသို့ထွက်သွားသည်လား၊ အပြင်တွင် ရပ်နေသေးသည်လား သူတို့မသိနိုင်ပေ။ စောင့်ဆိုင်းရခြင်းက နှိပ်စက်ခံရခြင်းတစ်မျိုးဖြစ်သည်။ မတိုင်မီက စုံတွဲသေဆုံးသွားခဲ့သော သွေးပျက်ဖွယ်ရာမြင်ကွင်းက လူတိုင်းကို မသက်မသာ ခံစားရစေသေးသည်။

ရန်ဟွိုင်က လက်ပိုက်ထားကာ ကုတင်အောက်တွင် တုန်ယင်နေသည်။ သူမ ငိုချင်သော်လည်း အသံမထွက်ရဲပေ။ မျက်ရည်များက အထဲသို့ပင် ပြန်အရှုံ့ခံနေရ၏။ မျက်ရည်ထွက်လာလျှင် ထိုနတ်ဆိုးဝိဉာဉ်ကို အချက်ပြသလိုဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။

လျှိုခုံးကလည်း ဗီရိုထဲတွင် ရှိနေခဲ့ရာမှ ချွေးစေးတွေ ပြန်လာခဲ့ချေပြီ။ သူ့စိတ်တွင် အမျိုးမျိုးသောမြင်ကွင်းများ ထွက်ပေါ်လာခဲ့၏။ ဖုန်းကျန်း၏ ရုန်းကန်အော်ဟစ်သံများနှင့် နှိုင်းယှဉ်သော် တိတ်ဆိတ်မှုက ကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်နေသည်။

ဖုန်းကျန်း ထိုသရဲမကို ဦးဆောင်ခေါ်သွားသည်လား၊ တိတ်ဆိတ်စွာဖြင့်သရဲမ၏ ဝါးမြိုခံရသည်လားကို မည်သူမှမသိနိုင်ပေ။ လျှိုခုံးတွေးလေလေ သူ ထိတ်လန့်လာလေလေဖြစ်၏။ သူ၏ခြေထောက်များက ထိန်းချုပ်၍ မရနိုင်လောက်အောင် တုန်ယင်နေခဲ့သည်။ သည်ဗီရိုအတွင်းဘက်က ကျဉ်းမြောင်းကာ လူတိုင်း မတ်တပ်ရပ်ရန်သာ တတ်နိုင်၏။ အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် တံခါးက ပွင့်သွားနိုင်သေးသည်။ ထို့ကြောင့် သူ မလှုပ်ရှားရဲပေ။
သူ ကူကယ်ရာမဲ့စွာဖြင့် ကုဝူကျိကို နှစ်သိမ့်ရန်အလို့ငှာ လှည့်ကြည့်လိုက်သည်။ သို့သော် မမျှော်လင့်ထားစွာပင် သည်အမှောင်ထဲတွင် တစ်ဖက်သူ၏ ညင်သာသော အသက်ရှူသံကို သူ ခံစားနေရသည်။

ကုဝူကျိ သူ မကြောက်ဘူးလား

သူ၏မျက်လုံးများက တစ်ဖက်သူကို ကြည့်လိုက်သောအခါ ဖြူဖျော့ဖျော့ပြုံးပြကာ နှစ်သိမ့်လိုက်သေး၏။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now