အခန်း ၇၄

1K 186 10
                                    

အပိုင်း ၇၄

ထိုသို့ဖြင့် လူတိုင်းက ထိုအဖွားအိုကြီးကိုဆက်လက်ပြီး မေးမြန်းကြပြန်သည်။ ထိုအခါမှသာ အတိတ်ကအဖြစ်အပျက်များကို သိခဲ့ရသည်။

ရွာသူကြီး၏သားဖြစ်သူက ရွာမှထွက်ခွာသွားခဲ့ရသည်မှာ သူ၏လိင်စိတ် တိမ်းညွှန့်မှုကြောင့်ဖြစ်သည်။ ရွာသူကြီးကမူ သူ၏သားကို ထိုသို့ထွက်ပြေးခွင့် မပြုနိုင်ခဲ့ချေ။ ထို့ကြောင့် သူ၏အသက်ကိုပင် ပေးဆပ်ခဲ့ရသည်။

လူအနည်းစုကသာ ထိုအကြောင်းအရာကိုသိထားသည်။ မည်သို့ပင်ဆိုစေ ရွာသူကြီးက အပြင်လူများကိုလည်း ထိုအကြောင်းအရာကို သိခွင့်မပြုနိုင်ခဲ့ချေ။ ထို့ကြောင့် တစ္ဆေလက်ထပ်ပွဲကိစ္စက ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုအဖွားကြီးက သိနေခဲ့သည်မှာလည်း သူမက ယခုလိုအိုမင်းနေသောကြောင့်လည်းဖြစ်သည်။

ပို၍ဆိုးသည်မှာ ရွာသူကြီးက သည်ဖြစ်ရပ်ကိုလက်မခံနိုင်သေးဘဲ သူ၏သားဖြစ်သူက ပုံမှန်သာဖြစ်နေသေးပြီး တစ္ဆေလက်ထပ်ပွဲအဖြစ် ပြောင်းလဲလိုက်ရုံဖြင့် သားဖြစ်သူက အရာအားလုံးက ပုံမှန်ဖြစ်သွားမည်ဟု ယုံကြည်နေခဲ့သည်။ လက်ရှိတိုးတက်မှုကိုကြည့်ရုံဖြင့် ရွာသူကြီး တစ်စုံတစ်ရာကို သိနေပြီး ထိုသို့ရည်ရွယ်ချက်ရှိရှိလုပ်နေခြင်းဖြစ်ကြောင်း သိသာစေသည်။

လူတိုင်းက တစ်ခဏခန့်အထိ ကြောင်အသွားကြပြီး သည်ကော်ပီ၏ အလှည့်အပြောင်းက ခေတ်နောက်ပြန်ဆွဲသောရွာအခြေအနေမှ အယူသီးမှုအခြေအနေအထိ ရောက်သွားကြောင်း သိလိုက်ရသည်။

သူတို့အဖွဲ့၏အပြန်လမ်းတွင် ကုဝူကျိက ပြန်သွားသည့်အချိန်တွင် ရွာသူကြီးက သူတို့ဆီကိုလာရှာသည့်ကိစ္စအကြောင်းအရာကို ချီယွန်ရှို့အား မေးမြန်းလိုက်သည်။ ချီယွန်ရှို့ကလည်း သူ သိသမျှအရာအားလုံးကိုပြောပြသည်။

မနေ့ညက ရှောင်းချန်းက ပြန်မလာခဲ့ချေ။ ထို့အပြင် ကုဝူကျိနှင့်ချီယွန်ရှို့တို့ကလည်းသေပြီဟုအားလုံးက ထင်နေခဲ့ကြသည်။ ထို့ကြောင့် သူတို့က ဖိအားအလွန်များသွားကြသည်။ သို့သော် မမျှော်လင့်ထားသည်မှာ ရွာသူကြီးက ရုတ်တရက် လူအုပ်ကိုခေါ်ပြီး သူတို့ဆီသို့ မနက်အစောပိုင်းကတည်းက ရောက်လာခဲ့ခြင်းဖြစ်သည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now