အခန်း (၈၁)

1.1K 157 1
                                    

အပိုင်း ၈၁

သက်လတ်ပိုင်းလူက ကုဝူကျိက မည်သို့ဆက်လုပ်ချင်နေကြောင်း မသိသည့်အတွက် ပြောစရာစကားပျောက်ရှသွားသည်။ သို့သော် ထိုတစ်ခဏတွင် သူ၏သည်သမီးက သူ့အားလျှို့ဝှက်ဆန်းကြယ်လွန်းသည့်ခံစားချက်ကို ပေးနေသည်။ သူက သူမ၏စကားကို မနာခံရဲသည့်သတ္တိပင်မရှိတော့ချေ။ ထို့အတွက်ကြောင့် ချက်ချင်းဆိုသလို ရိုးရိုးသားသားပြုမူနေလိုက်ပြီး ပြောသမျှအရာအားလုံးကို နားထောင်လိုက်သည်။

ရဲတိုက်၏ပိုင်ရှင်က သုံးရက်နေလျှင် ခမ်းနားသော ကပွဲတစ်ခုကို ကျင်းပမည်ဟု သတင်းစကားထွက်ပေါ်နေသည်။ ထို့ကြောင့် ထိုကပွဲအတွက် လူအင်အားက လိုအပ်လာသည်။ ထိုအတွက်ကြောင့် ယာယီအားဖြင့် လူငှားလိုနေခြင်းဖြစ်သည်။ အရေအတွက်က သုံးယောက်ဖြစ်သည်။ အခြေအနေကအလွန်ရိုးရှင်းသည်။ ငယ်ရွယ်သည့်အမျိုးသမီးတစ်ယောက်ဖြစ်ရမည်။ ခန္ဓာကိုယ်အနေအထား ကောင်းမွန်ရ မည်။ ကိုယ်တိုင်ကိုယ်ကျ လာရောက်စာရင်းသွင်းရမည်ဟု ဆိုထားသည်။ သုံးချက်လုံးနှင့်ကိုက်လျှင် အဆင်ပြေလေပြီ။

ထို့ကြောင့် မည်သို့နားထောင်နေစေကာမူ အရွေးခံရသူက အမြှောက်စာဇာတ်ကောင်ဖြစ်သွားတော့မည်ဆိုသော ခံစားချက်မျိုးကိုရစေလိမ့်မည်။

ကုဝူကျိက ခေါင်းငြိမ့်လိုက်သည်။ သို့သော် ထိုတစ်ခဏတွင် အဓိကတာဝန်၏လိုအပ်ချက်များအောက်တွင် ဘာကိုမျှကြိုတင်မသိထားသော ကစားသမားများက သေရန်မစောင့်နိုင်သောလူများကဲ့သို့ ဖြစ်သွားနိုင်သေးလေသည်။

သည်ပုံတူလောကအရ ရဲတိုက်သို့ဝင်ရန် နည်းလမ်းတစ်ခုတည်းသာရှိနေခြင်း မဟုတ်ချေ။ အကယ်၍နည်းလမ်းတစ်ခုတည်းသာရှိနေခဲ့လျှင် ယခု ပြိုင်ပွဲက အလွန်ပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းနေပေလိမ့်မည်။ ထိုအချိန်တွင် ကုဝူကျိက အခြားသောနည်းလမ်းများရှိမရှိ စုံစမ်းစစ်ဆေးချင်သွားသည်။

သို့သော် ထိုမတိုင်ခင် ...

ကုဝူကျိက အိပ်ယာနားရှိဘီရိုနားသို့ လျှောက်သွားလိုက်ပြီး သက်လတ်ပိုင်းလူကိုပြောသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now