အခန်း ၆၂

1.2K 211 9
                                    

62 01

အပိုင်း ၆၂

သရဲများ အဝိုင်းခံထားရသောကုဝူကျိက သေတော့မည့်အချိန်တစ်ခဏတွင် သူက သရဲကို အောင်မြင်စွာဆင့်ခေါ်လိုက်နိုင်သည်။ သူ၏ခြေထောက်ဝန်းကျင်တွင် ရှိနေကြသော အသေကောင်ဝိဉာဉ်များအားလုံးက အလိုအလျောက်ခံစားရသည့် ကြောက်လန့်မှုကြောင့် နောက်ဆုတ်သွားကြသည်။ သို့သော် အမည်မသိရသောအရာက သူတို့ကိုကန့်သတ်ထားသေးလေရာ သူတို့က ကုဝူကျိ၏ပတ်ဝန်းကျင်တွင်သာ တုန်တုန်ယင်ယင် ရှိနေရသေးလေသည်။

အငြှိုးအတေးအပြည့်နှင့် ကုဝူကျိကိုပင် ခြိမ်းခြောက်နိုင်သည့် သရဲမသုံးကောင်ကပင် ကြောက်လန့်သောမျက်နှာထားမျိုးဖြင့်ရှိနေကြပြီး အလွန်ဝေးကွာသောနေရာသို့ပင် ဆုတ်သွားကာ အနားသို့မကပ်လာရဲတော့ချေ။

ကုဝူကျိက သူ၏အိတ်ဆောင်နာရီကို လျင်မြန်စွာဖြင့်ထုတ်လိုက်သည်။ သူ ဆင့်ခေါ်သောသရဲကသာ သတ်ချင်လျှင် ထိုအိတ်ဆောင်နာရီက သူ့ကိုထွက်ပြေးရန် အချိန်ပေးပေလိမ့်မည်။

အဝေးမှလှမ်းကြည့်နေသော ဆရာသခင်နင်ကလည်း တုန်ယင်သွားသည်။ သူက ကုဝူကျိ၏အခြေအနေကို မင်သက်အံ့ဩမှုအပြည့်ဖြင့်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းတွင်လည်း ကြောက်လန့်မှုအပြည့်ဖြင့်မြင်နိုင်သည်။

"သေစမ်း၊ မင်း ဘာလုပ်လိုက်တာလဲ"

ဘယ်လိုဖြစ်ပြီး နောက်ထပ်ဝှက်ဖဲက ရှိနေသေးပြန်တာလဲ၊ နောက်ပြီး သရဲမတွေကိုတောင် နောက်ပြန်ဆုတ်နိုင်အောင်လုပ်နိုင်တယ်၊ ဒါက ဘယ်လိုစွမ်းအားမျိုးလဲ၊ ဖြစ်နိုင်တာက နောက်ထပ်ကြောက်စရာကောင်းတဲ့ သရဲတစ်ကောင်က ကုဝူကျိရဲ့ခန္ဓာကိုယ်ကို စွဲလမ်းနေတာလား။

ဆရာသခင်နင်က ထိုအချက်ကိုသတိထားမိသွားသောအခါ သေတော့မည်ဟုပင် ခံစားလိုက်ရသည်။ သူက သည်အခြေအနေကို ဖြေရှင်းနိုင်မည်မဟုတ်ချေ။

မဟုတ်ဘူး အဲ့ဒီလိုဆိုရင် ...

ဆရာသခင်နင်၏အတွေးများက လျင်မြန်စွာဖြင့် ဟိုရောက်သည်ရောက် ဖြစ်နေလေသည်။

သူသာ သည်လိုအဲ့ဒီသရဲကိုဆင့်ခေါ်နိုင်မယ့်စွမ်းအားရှိရင် ဘာလို့အရင်ကတည်းက မသုံးတာလဲ။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now