အခန်း ၂၄.၃

1.5K 244 4
                                    

Unicode

အပိုင်း ၂၄.၃

ကုဝူကျိက ချက်ချင်းလိုလို ထိုသရဲကို သူ့နောက်သို့ ပို့သည်။ 

“အခုလေးတင် တွေ့လိုက်ရတဲ့ ဒီသင်္ဘောပေါ်က အဖွဲ့သားက တစ်ခုခု ပုံမှန်မဟုတ်တာမျိုး လုပ်လိုက်မှာ စိုးရိမ်လို့ သူတို့ကို အချင်းချင်း ဆွေးနွေးခိုင်းလိုက်တာပါ”

ကျန်းကောတို့က ရုတ်တရက် ကြောင်တောင်တောင် ဖြစ်သွားကြသည်။ သူတို့၏ ကုဝူကျကို ကြည့်သော အကြည့်က အလွန်အမင်း အံ့အားသင့်နေဟန် ရသည်။ 

ဒီကောင် ဘာပြောလိုက်တာလဲ။ 

အရင်က သူ သရဲတွေနဲ့ တွေ့တယ်။ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ အဲဒါက သာမန်သရဲတွေပဲလေ။ ဒါပေမဲ့ အခုက အခြေအနေမှ မတူတော့တာ။ သူက လူရော ဟုတ်ရဲ့လား။ 

အကြောင်းပြချက် ရေရေရာရာ မသိသော်လည်း သူတို့က ကုဝူကျိကို မြင်လိုက်ရသည့်အခါ သူတို့က လုံခြုံသွားသည်ဟု ခံစားလိုက်ရသည်။ 

“ခင်ဗျားတို့ အဆင်ပြေမှတော့ ကျွန်တော်တို့အားလုံး မြန်မြန် သွားသင့်ပြီ”

ကုဝူကျိက တွေးတောခြင်း မရှိဘဲ ပြောသည်။ 

“ဒါပေမဲ့ အနောက်မှာ .. အနောက်မှာ...”

အမျိုးသမီး၏အသံက အထိတ်တလန့် ဖြစ်နေသည်။ 

“အနောက်မှာ အလောင်းတွေ အများကြီးပဲ”

“အား .. ဒါကတော့..”

ကုဝူကျိက ခေါင်းလှည့်ပြီး ကြည့်ကာ မျက်မှောင်ကြုတ်သည်။ 

မည်သို့ပင် ဆိုစေ သင်္ဘောဘေးဘက်မှ ကုန်းတက်လာသော အလောင်းကောင်၏ အရေအတွက်က ဆယ်ကောင်ကျော်ပြီး ကောင်းကင်က တောက်ပလာသည့်တိုင်အောင် ကျန်သောအလောင်းများ အားလုံးက အပျော်ခရီးသင်္ဘောပေါ်သို့ ရောက်နေကြပြီ ဖြစ်သည်။ ထို့အပြင် နောက်ပိုင်းတွင် ကျန်ရစ်နေသော အလောင်းကောင်များကလည်း ကိုင်တွယ်ရ လွယ်ကူမည် မဟုတ်ပေ။ 

“ဒီလောက် လူတွေ အများကြီးပဲ သူတို့ တော်တော်လေးကို စိတ်အားထက်သန်နေကြတာပဲ အား.. ကျွန်တော်တို့ တကယ် မကိုင်တွယ်နိုင်လောက်ဘူး”

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now