အခန်း ၇၁

1.1K 186 5
                                    

အပိုင်း ၇၁

ကုဝူကျိက အခြေအနေကိုနားလည်လိုက်ပြီး ချီယွန်ရှို့ကို ချက်ချင်းဆိုသလို ချီးကျူးပေးလိုက်သည်။ တစ်ဖက်လူ၏မျက်နှာက ရှက်ရွံ့ကာနီရဲသွားသည်။ သူက ပျော်ရွှင်သွားသည်မှာ သေချာသည်။

အကွယ်နေရာတစ်ခုတွင် ချီယွန်ရှို့က မည်သူမျှမသိအောင် ကုဝူကျိကို အဖြူရောင်မီးအိမ်ပေးသည်။ သူက ထိတွေ့လိုက်သောအခါ စနစ်မှအသံက ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။

[မှော်ပစ္စည်းတစ်ခု လက်ခံရရှိပါတယ်၊

အဖြူရောင်မီးအိမ် ဒီမီးအိမ်က အဖြူရောင်မီးအိမ်အဖြစ် အထူးပြုလုပ်ထားတာ ဖြစ်ပြီး မိစ္ဆာဝိဉာဉ်တွေကို ဖယ်ရှားရှင်းလင်းနိုင်တယ်၊ ဒါပေမယ့် အချို့အခြေအနေမျိုးအရ ပိုပြီးစွမ်းအားကြီးတဲ့ဝိဉာဉ်သရဲတွေကို ဆင့်ခေါ်လိုက်သလိုဖြစ်သွားနိုင်သေးတယ်၊ ဒါက အရမ်းကို အရေးကြီးတာမို့လို့ သတိထားပြီးသုံးစေချင်ပါတယ်]

ကုဝူကျိကမူ အနီရောင်မီးအိမ်ကိုလည်း ထိုသို့ယူသွားနိုင်စွမ်းအားရှိမရှိ တွေးကြည့်မိသွားသည်။ သို့သော် ဒါက ရင်းနှီးလွန်းရန်လိုအပ်သည်။ သူ့အနေဖြင့် မစမ်းကြည့်ရဲပေ။

ချီယွန်ရှို့က ကုဝူကျိကို ရွာသူကြီး၏ဇနီးဖြစ်သူပြောလိုက်သောစကားကို ပြန်၍ပြောလိုက်သည်။ သို့သော် ရှက်ရွံ့သည့်ခံစားချက်မျိုးကြောင့် သူက မိတ်ဆွေဆိုသောအပိုင်းကို ဖယ်ချန်ထားလိုက်သည်။ ရွာသူကြီးကို စော်ကားမော်ကားပြောဆိုသော စကားများကိုသာ ပြန်ပြောလိုက်သည်။ ကုဝူကျိက ခေါင်းငြိမ့်သည်။ ထိုသတင်းက အလွန်အသုံးဝင်သည်။ မည်သို့ပင်ဆိုစေ ရွာသူကြီးက လူမဟုတ်ကြောင်း သူတို့က သိလိုက်ရပြီဖြစ်သည်။

ထိုဘက်မှကြည့်မည်ဆိုလျှင် ရွာသူကြီး၏ဇနီးဖြစ်သူက ကိစ္စပေါင်းများစွာကို သိထားပေလိမ့်မည်။ သူမက သူတို့ဘက်မှ ဖြစ်နေသည်။ သူမထံမှ တစ်စုံတစ်ရာကို သိနိုင်လောက်သေးသည်။

သူတို့နှစ်ယောက်က သူတို့၏နေအိမ်သို့ပြန်ကြသည်။ အခြားသူများက အထဲတွင်စောင့်နေလေပြီ။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now