39 01
အခန်း ၃၉.၁
ကုဝူကျိက မျက်လုံးကိုတဖန် ဖွင့်လိုက်ချိန်တွင် လှေပေါ်ရောက်နေသလိုမျိုး အနည်းငယ် ယမ်းခါနေသည့် ခံစားချက်ကို တန်းရလိုက်သည်။ တစ်ချက်ကြည့်လိုက်သည့်အခါ လှေ၏အတွင်းခန်း အတွင်းတွင် ကြိုးချည်ခံထားရဟန်ရသည်။
အခန်း၏ အလင်းအရင်းအမြစ်က ဘေးဘက် ထိပ်ဆုံးအပိုင်းတွင် ရှိနေသည့် ပြတင်းပေါက်မှ ဝင်ရောက်နေခြင်းသာလျှင်ဖြစ်သည်။ သူ၏ပတ်ပတ်လည်တွင် လူအုပ်ကို မြင်နိုင်သည်။
[မင်းက ကန္တရလို လူခေါင်တဲ့ကျွန်းကို အပို့ခံလိုက်ရတဲ့ ကျွန်တွေထဲက တစ်ယောက်ပဲ။ လူတိုင်း သိထားသလိုမျိုး အဲ့ဒီနေရာကို ခြေချလိုက်မိတာနဲ့ သေဆုံးခြင်းကလွဲပြီး အခြားပြန်လမ်း မရှိနိုင်တော့ဘူး။ ဒါ့အပြင် ပတ်ဝန်းကျင်က ရေတွေကလည်း သန္တာကျောက်တန်းတွေအပြည့် ပိတ်လှောင်နေတယ်။ ဒါ့အပြင် အထူးပုံစံဆွဲထားသလို ရေမြေကျောကလည်း ရှိနေသေးလို့...]
ဒီလူတွေကလည်း ကစားသမားတွေပဲလား။ ဘယ်လောက်တောင် များလိုက်တဲ့ အရေအတွက်လဲ။
ကုဝူကျိက ကူကယ်ရာမဲ့စွာဖြင့်တွေးပြီး ပတ်ဝန်းကျင်ကို ကြည့်နေမိသည်။ အခြားလူများကလည်း တိတ်ဆိတ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကြကာ ပတ်ဝန်းကျင်မှ လူများကို သတိအနေအထားဖြင့် ကြည့်ကြသည်။ အရေးကြီးဆုံးအချက်က ဒါကအလယ်အလတ်အဆင့် ပုံတူလောကတစ်ခု ဖြစ်နေသည့်အတွက်ကြောင့် ပါဝင်သူ များပြားနေသည့်ဖြစ်စဉ်က အလွန်အမင်း ရှားပါးလေရာ မသက်မသာ ဖြစ်စေနေလေသည်။
လှေက အလွန်အမင်း မြန်ဆန်သော အရှိန်နှုန်းဖြင့် သွားနေခြင်းဖြစ်ပြီး မကြာခဏ ယမ်းခါနေသည်။ ကြီးမားသော လှိုင်းလုံးကြီးများကလည်း လှေကိုအားအင်အပြည့်ဖြင့် ရိုက်ခတ်လာကာ ကစားသမားများကို မသက်မသာ ဖြစ်စေသည့် ခံစားချက်ကို ကြီးမားလာစေသည်။
လူတိုင်းက ထိုလှေက မြုပ်သွားမည်လားဟု သံသယမဝင်နိုင်ခင်မှာတင် သူတို့သွားလိုရာ နေရာသို့ ရောက်သွားသည်။ လူတိုင်းက အခန်းထဲမှ မောင်းထုတ်ခံရပြီး လက်နှစ်ဖက်လုံးက အနောက်တွင် ကြိုးချည်ခံထားရသည့် အနေအထားမျိုးဖြင့် အပြင်သို့ ထွက်ကြရသည်။ သူတို့အားလုံးက အလယ်အလတ်အဆင့် ကစားသမား ဖြစ်နေကြသည့်တိုင်အောင် ထိုကြိုးများကို သူတို့၏ အင်အားဖြင့် အနည်းငယ် ဆန့်လိုက်ရုံမျှဖြင့် ပြေလျော့သွားနိုင်သည့်တိုင်အောင် အဓိကတာဝန်က မထွက်လာသေးသည့်အတွက် မည်သူကမှ အလွယ်တကူ မလှုပ်ရှားရဲကြချေ။ မည်သို့ပင်ဆိုစေ ထိုအရာက ပို၍ ပြဿနာကြီးမားသွားစေနိုင်လေသည်။
YOU ARE READING
နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်
Horrorဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်