အခန်း ၈၄

930 151 1
                                    

အပိုင်း၈၄

အာရုဏ်တက်ချိန်ရောက်သောအခါ စနစ်မှတာဝန်ပြီးမြောက်သွားကြောင်း အကြောင်းကြားသည့်အသံက သူတို့၏ခေါင်းထဲတွင် မြည်ဟီးလာသည်။ အမျိုးသားကစားသမားနှစ်ယောက်ကမူ သတိလစ်မေ့မြောနေသေးသည်။ သူတို့ မည်သည့်အချိန်မှ နိုးထမည်ဖြစ်ကြောင်းမသိနိုင်ချေ။ မည်သို့ပင်ဆိုစေ သူတို့က ယခုလေးတင် အလွန်ထိတ်လန့်သွားကြခြင်းဖြစ်သည်။

ကုဝူကျိတို့က အသံလာရာနေရာသို့သွားရှာတော့မှသာ သူတို့ရှိသောနေရာသို့ ရောက်သွားသည်။ ထိုအခါ ဘီရိုထဲတွင် ကွေးကွေးလေးရှိနေသော အမျိုးသားကစားသမားနှစ်ယောက်ကို မြင်လိုက်ရသည်။ သူတို့၏ပါးစပ်မှပင် အမြှုပ်များထွက်နေလေပြီ။

"သူတို့ ဘာလုပ်နေကြတာလဲ၊ သူတို့ ထွက်လာဖို့ ငါတို့ ဒီလောက်အော်ခေါ်နေတာတောင် ပေကပ်ပြီး ဒီထဲမှာဆက်နေနေတုန်းပဲ"

ကုဝူကျိကမူ အလွန်ပဟေဠိဖြစ်နေသည်။

"သူတို့ရဲ့ပုံစံအရ သူတို့သိထားတဲ့ပုံစံက တော်တော်များနေတဲ့ပုံစံပါ၊ ဘာလို့ ဒီလိုဖြစ်သွားတာလဲ"

လုယွမ်ကျိုး "ငါလည်း သူတို့သိထားတာ အရမ်းများတာကြောင့်လို့ထင်တယ်"

ရှောင်းလုကလည်း ပြောသည်။

"ငါတို့ကို သရဲလိုထင်နေတာလည်း ဖြစ်နိုင်တာပဲ"

ကုဝူကျိ "..."

သူတို့က ခန်းမထဲသို့ပြန်လျှောက်သွားသောအခါ ထိုနေရာတွင်ရှိနေသည့် သရဲနှစ်ကောင်က တဆတ်ဆတ်တုန်နေပြီး စကားမဆိုရဲကြချေ။ ထိုထဲမှ တစ်ကောင်က ကုဝူကျိ အပြင်ဘက်သစ်ပင်တွင် ရှာတွေ့ခဲ့သည့်သရဲဖြစ်ပြီး အခြားတစ်ကောင်ကမူ ဒုတိယထပ်သို့တက်ချိန်က တွေ့ခဲ့သည့်သရဲကို လုယွမ်ကျိုးက ခေါ်လာခဲ့ခြင်းဖြစ်သည်။

ပြောရလျှင်လုယွမ်ကျိုးတွေ့ခဲ့သောအကောင်က ဒုတိယထပ်မှ တစ်ခါမှ မဆင်းဖူးသေးချေ။ သူက သရဲကြီးတစ်ကောင်လိုမျိုး လုယွမ်ကျိုးကို ခြောက်ချင်ခဲ့သည်။ သို့သော် လုယွမ်ကျိုး၏ဝှက်ဖဲသရဲမက ဒုတိယထပ်တွင် ပုန်းအောင်းနေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်းမသိခဲ့ချေ။ သည်နည်းအားဖြင့် ထိုသရဲကို ထိန်းသိမ်းလိုက်နိုင်သည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now