အခန်း ၈၆

954 140 1
                                    

အပိုင်း ၈၆

သိပ်မကြာခင် ညအချိန်ရောက်သွားသည်။

လျှောက်လမ်းပေါ်ရှိ ဆီမီးအိမ်များက ကုန်သွားသည်မှာ အချိန်တစ်ခု ကြာနေလေပြီ။ ထို့ကြောင့် အမှောင်ထုကသာ ကြီးစိုးနေသည်။ မှောင်လွန်းသဖြင့် ကိုယ့်လက်ချောင်းကိုယ်မြင်ရရန်ပင် ခက်ခဲသည်။

ကုဝူကျိကလည်း သူတို့ကျောင်းတွင်နေချိန် အဆောင်မီးများပိတ်လိုက်သော အချိန်ကကဲ့သို့သောအခြေအနေမျိုးကို သတိရသွားလိုက်သည်။ ထိုဆီမီးအိမ်များကလည်း အလားတူဖြစ်နေသည်။ ထိုသို့ဆိုမှ လက်ရှိအခြေအနေက သူ ယခင်ကျောင်းအဆောင်တွင် နေခဲ့ချိန်ကထက် အများကြီးကောင်းမွန်နေသေးသည်။

ယခုလို ဆိုးရွားသောအချိန်မျိုးတွင် ထိုအကြောင်းအရာကို တွေးနေမိသောသူက သူသာလျှင်ရှိလောက်သည်။

အခန်းပတ်ဝန်းကျင်တစ်ခုလုံးက အလွန်တိတ်ဆိတ်နေသည်။ မည်သူကမျှကလည်း သည်လိုအချိန်မျိုးတွင်စကားမပြောရဲချေ။ သို့သော် သည်အချိန်မျိုးတွင် မည်သူကမျှလည်း အိပ်မပျော်ကြသေးချေ။ မည်သို့ပင်ဆိုစေ သည်ည ကြုံတွေ့ရမည့်အမည်မသိရသော သရဲများရှိနေသေးလေရာ မည်သူကမျှ နှလုံးသားကြီးပြီး မအိပ်နိုင်ကြချေ။

ခေါင်းအုံးကိုထိလိုက်သည်နှင့် အိပ်မောကျသွားသောတစ်ဦးတည်းသောသူက ကုဝူကျိဖြစ်သည်။ သူက ယခုလေးတင် ကုတင်အစွန်းနားတွင်ထိုင်ကာ သရဲနှစ်ကောင်နှင့် စကားပြောနေခဲ့သေးသည်။

လီလီက အိပ်ယာပေါ်တွင်လှဲနေသည်။ သူမက စောင်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး မျက်နှာတစ်ဝက်လုံးနီးပါး အုပ်ထားသည်။ ထို့ကြောင့် သူ၏မျက်လုံးကသာ ပေါ်နေသည်။ သို့တိုင်အောင် ပတ်ဝန်းကျင်တွင်ကြီးစိုးနေသည့် အရိုးကို ထိုးဖောက်မတတ်အေးစက်သည့် အအေးဓါတ်က ခန္ဓာကိုယ်ထဲသို့ဖောက်ဝင်ရန် ကြိုးစားနေသေးကြောင်း ခံစားနေရသေးသည်။ စောင်ခြုံထားခြင်းက သက်ရောက်မှု အနည်းငယ်မျှမရှိချေ။

ယေဘူယျကျကျဆိုရလျှင် ကစားသမားများက ထိုသို့သောအအေးဓါတ်များကို မခံစားသင့်ချေ။ ထို့ကြောင့် သည်နေရာရှိယင်စွမ်းအင်က မည်မျှပြင်းထန်ပြီး လူသားတစ်ယောက်၏ခန္ဓာကိုယ်က တောင့်ခံနိုင်ခြင်းမရှိနိုင်ကြောင်း သိသာစေသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now