အခန်း ၈၅

884 146 10
                                    

အပိုင်း ၈၅

ကုဝူကျိကမူ အဖြောင့်ကောင်ဖြစ်နေသေးသည်။ ထို့ကြောင့် သူ၏အပေါင်းအဖော် တစ်ယောက်က အမျိုးသားတစ်ယောက်ထံမှ အမျိုးသမီးတစ်ယောက်ကိုပြောင်းကာ စိတ်လှုပ်ရှားသွားသည့်အတွက် အနားရှိလူများက သူ့ကိုကြည့်နေသည့် ထူးဆန်းသွားသောအမူအရာများကိုလည်း သတိမထားမိခဲ့ချေ။

လီလီကမူ အသင်းဖော်ကောင်းတစ်ယောက်ဟုသာ ခံစားနေရသည်။ ထို့ကြောင့် သူမ ရင်းနှီးမှုအပေါ် အသိအမှတ်ပြုဟန် ခေါင်းငြိမ့်ပြလိုက်သည်။ တစ်ဖက်သူကမူ တစ်ခဏခန့်ရပ်သွားပြီးနောက် ခပ်တိုးတိုးတောင်းပန်လာသည်။

မူလက သူမ၏အပြုအမူက ကုဝူကျိအပေါ်လည်း ထူးထူးခြားခြားထိခိုက်စေသော အခြေအနေမျိုးမရှိခဲ့သဖြင့် ကုဝူကျိက ခွင့်လွှတ်ပေးလိုက်သည်။ ထို့နောက် သူ၏လက်မောင်းမှဒဏ်ရာကို ပတ်တီးစည်းပေးပြီးနောက် ကုဝူကျိက သူ၏လက်ကိုကုသသည့်စွမ်းရည်ကို လျှို့ဝှက်စွာထုတ်သုံးလိုက်ခြင်းအားဖြင့် ဒဏ်ရာက ချက်ချင်းနည်းပါးပျောက်ကင်းသွားသည်။ သို့သော် မည်သူကမျှ မြင်နိုင်မည်မဟုတ်ချေ။

ထိုအချိန်တွင် ရွာသူကြီးနှင့်အခြားသူများက ကုဝူကျိကို လာရောက်နှုတ်ဆက် ကြသည်။ သူတို့ကလည်း ကုဝူကျိက ယခုလေးတင် ဝံပုလွေလူသားကို ဖော်ထုတ်ပေးသည့်အတွက် ကျေးဇူးတင်နေကြလေသည်။ သည်နည်းအားဖြင့် ရွာကိုကယ်တင်လိုက်သည်။ သို့သော် ကုဝူကျိက တစ်ခုခုက မှားနေသည်ဟု ခံစားနေရသည်။ မည်သို့ပင်ဆိုစေ လီဆာက ရက်စက်ကြမ်းတမ်းသောလူမျိုးနှင့်မတူချေ။ သူမက ကလေးကို ပြန်ပေးဆွဲခဲ့သည့်တိုင်အောင် တစ်ဖက်သူက ကလေးကိုမသတ်ခဲ့ချေ။ ထိုကဲ့သို့သောလူမျိုးက ရွာသားများစွာ ပျောက်သွားစေခဲ့သည့်တရားခံ မဖြစ်နိုင်ချေ။

လီဆာက ကုဝူကျိနှင့်စကားပြောနေသေးသဖြင့် ရှောင်းလုက လုယွမ်ကျိုးကိုသာ သွားဆွဲလိုက်ပြီး ကုဝူကျိထံ မျက်လုံးဖြင့်အမူအရာပြကာ လမ်းမမှားအောင် မည်သို့ထိန်းသင့်ကြောင်း မျှော်လင့်နေသည်။ လုကောကသာ မန်မန်ကျဲကျဲကို ပစ်မှတ်ထားရန် သင့်တော်သောအစစ်အမှန်လူဖြစ်သည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now