အခန်း ၂၈.၂

1.5K 269 7
                                    

Unicode

အခန်း(၂၈.၂)

ကိုယ်ထဲမှ ထိုးထွက်လာနေပြီဖြစ်သော အရိပ်ကြီးက တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားရသည်။ သို့သော် သူ့ကိုယ်သူ ယုံကြည်မှုက အလွန်ပြင်းထန်ခဲ့ပြီး လူသားဖြစ်တည်မှုများအပေါ် အထင်သေးမှုကြောင့် အချိန်မှီ မတုန့်ပြန်နိုင်ခဲ့ပေ။ သို့သော် ရုတ်တရက် သူကကုဝူကျိထံ တိုးဝင်သွားချိန်တွင် ပတ်ဝန်းကျင်ရှိ အသိစိတ်မဲ့သော သရဲများကလည်း ဝရုန်းသုန်းကား တိုးဝင်လာကြသည်။

ပတ်ဝန်းကျင်ရှိ သရဲများအားလုံးကို ထိုအရိပ်မည်းကြီးက ထိန်းချုပ်ထားခြင်းဖြစ်သည်။ သာမန်နေရာမျိုးတွင်သာဆိုလျှင် အဆင့်နိမ့် သရဲများကို တစ်ပြိုင်ထဲ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ သူတို့အား လိုက်ရှာရန် လိုအပ်နေသေးသည်။ သို့သော် ဒီနေရာကမူ ယင်ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်သည့်အတွက် အဆင့်နိမ့် သရဲများကို ထိန်းချုပ်ရန် လွယ်ကူနေခြင်းဖြစ်သည်။

"ဘာဖြစ်သွားတာလဲ"

ရုတ်တရက် ထိုအရိပ်က ရပ်တန့်သွားသည်။ ပတ်ဝန်းကျင်ရှိ သရဲများက သူ့အတွက် ခြိမ်းခြောက်လောက်အောင် အဆင့်မမြင့်သော်လည်း သူ့အားအနည်းငယ် နှောင့်နှေးအောင် လုပ်နိုင်စွမ်း ရှိနေခဲ့သည်။ တစ်ချိန်ထဲလိုလို ထိုအရိပ်က အထင်သေးမိသွားသည်။ မည်သည့်အချိန်ကမှန်းမသိ ကုဝူကျိလက်ထဲတွင် ကိုင်ထားသော သွေးပေနေသည့်ကြိုးက သူ့ထံသို့ တိုက်ရိုက်လွင့်ပစ်ခြင်းကို မြင်လိုက်ရလေသည်။

သူ၏ကိုယ်နှင့် ကြိုးတို့ ထိတွေ့မိသွားချိန်တွင် အရိပ်တစ်ခုလုံးတွင် အားအင်မရှိသလိုမျိုး ခံစားခဲ့လိုက်ရကာ ချိတ်ပိတ်ခံရသလိုမျိုး တင်းတင်းကြပ်ကြပ် စည်းနှောင်ခံထားလိုက်ရတော့သည်။

နဂိုနေရာတွင် ရပ်နေသော လက်ထောက်ကမူ အရိပ်မည်းကြီး ထွက်သွားသည်နှင့် မြေပြင်သို့ လဲကျကာ မေ့မျောသွားချေပြီ။ သူက သေသွားသည်နှင့် တူနေသေးသည်။

ကုဝူကျိကလည်း ထိုအခြေအနေကို လျို့ဝှက်စွာ သတိထားမိလိုက်သည်။ 

ထိုတခဏတွင် ထိုနေရာတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ဟွမ်ထောင်က သူမြင်လိုက်ရသော အခြေအနေကိုပင် မမြင်နိုင်တော့ချေ။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now