အခန်း ၄၉

1.6K 235 5
                                    

49 01

အပိုင်း ၄၉

ကုဝူကျိက အရှေ့သို့ တည်တည်ငြိမ်ငြိမ် အပြေးသွားလိုက်ပြီး ထိုလုံခြုံရေးအစောင့်၏ တိုက်ကွက်ကို ရင်ဆိုင်လိုက်သည်။ သူက သံမဏိပိုက်လုံး၏ တိုက်ကွက်ကို ရှောင်ရှားပြီးနောက် လက်ကို ဆန့်တန်းလိုက်ပြီး တစ်ဖက်သူ၏ပုခုံးကို ဖိချလိုက်သည်။

"စိတ်အေးအေးထားပါ၊ လူတိုင်းမှာပြောစရာတွေ ရှိနေကြမှာပဲလေ မဟုတ်လား"

လုံခြုံရေးအစောင့်က ကုဝူကျိစကားများကို နားထောင်လိမ့်မည်မဟုတ်ချေ။ သူက ဆက်လက်ပြီး တည်တင်းသောမျက်နှာထားမျိုးဖြင့် တိုက်ခိုက်ချင်သည်။ ထို့နောက် တစ်ခဏတွင် ပုခုံးဆီမှလာသောအားက အံ့အားသင့်စရာကောင်းလွန်းလောက်လေရာ သူပင် အချိန်တစ်ခုကြာသည်အထိ မရုန်းကန်နိုင်တော့ချေ။

"ခင်ဗျားနဲ့ ဒီပိုင်ရှင်နဲ့ကြားမှာ အရှုပ်အထွေးနည်းနည်းရှိလောက်မယ်လို့ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ခင်ဗျား ဒီလိုအားသုံးပြီး ရုန်းရင်းဆန်ခတ်လုပ်လိုက်ရုံနဲ့ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလေ"

ကုဝူကျိက အလေးအနက်ထားကာပြောသည်။

"ကျွန်တော်တို့ ငြိမ်ငြိမ်ထိုင်ပြီး စကားပြောသင့်တယ်၊ ဒီအတိုင်း လုပ်တာက အဆင်မပြေနိုင်ဘူး"

ရှားရန်ရှို့ကမူ ထပ်ခါတလဲလဲ အံ့ဩနေရသည်။ သူက အလွန်အမင်း ထိတ်လန့် သွားပြီးနောက်တွင် အသာစီးရသော အနေအထားကြောင့် အထွန့်တက်နိုင်သွားသည်။

"..."

သေစမ်း၊ သူက သရဲကို စကားပြောနေတာပဲ။

ထို့နောက် သူက အသိအမှတ်ပြုသော မျက်နှာထားမျိုးဖြင့် ရှိနေသည့် သူ၏ဘေးမှ ချန်းကျားကို လှည့်ကြည့်လိုက်သည်။ တစ်စုံတစ်ရာက မှားယွင်းနေသည်ဟု သူက အမြဲတစေ ခံစားနေရသည်။

သူက ပြန်လည် မတိုက်ခိုက်နိုင်ကြောင်း သိသွားသည့် လုံခြုံရေးအစောင့်က အရှေ့မှ သက်ရှိလူကို ကြောက်လန့်မှုများဖြင့် ကြည့်လိုက်သည်။ ထိုသရဲက တစ်ဖက်သူကို ကြည့်နေရင်းမှ သူ၏တစ်ကိုယ်လုံးတွင် ကုတ်ရာခြစ်ရာများပြည့်နှက်လာပြီး တဖြည်းဖြည်းချင်း ရူးသွပ်စွာရုန်းကန်လာသလိုမျိုး ခန္ဓာကိုယ်တစ်ခုလုံးက ကြီးမားသထက်ကြီးမားလာသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now