အခန်း ၁၈

2.7K 476 15
                                    

Unicode

အပိုင်း ၁၈

ကုဝူကျိက ထိုသရဲမက ခလုတ်နှိပ်လိုက်သော အခြေအနေကိုကြည့်နေသည်။

ဒီအဆောက်အဦက ၁၂ ထပ်ပဲ ရှိတာ၊ တစ်ထပ်က ဘယ်ကရောက်လာတာလဲ။

သို့ရာတွင် သည်လိုအခြေအနေဖြစ်လာကတည်းက ချန်းကျားက ထိုအပိုထပ်ဖြစ်နေသော အထပ်တွင် ရှိနေပေလိမ့်မည်။ ထို့ကြောင့် သူက တစ်ဖက်သူ၏ လုပ်ဆောင်မှုကို မတားဆီးလိုက်ခြင်းလည်းဖြစ်၏။

ဓါတ်လှေကားတံခါး ပွင့်သွားသည်နှင့် ကုဝူကျိက ခြေလှမ်းများကိုမြန်ကာ အပြင်သို့ထွက်လိုက်သည်။ သူ၏ခြေထောက်က မြေပြင်သို့ ခြေချလိုက်သည်နှင့် မဲမှောင်ကာ အေးစိမ့်သောအာကာသပြင်ထဲသို့ ရောက်သွားကြောင်း ခံစားလိုက်ရသည်။ သူ၏နားအတွင်းတွင် တစ္ဆေသရဲများ၏ ခပ်တိုးတိုးဆိုသံများကို ကြားရသည်။ ပီသစွာကြားနေရခြင်း မဟုတ်သည့်တိုင်အောင် ဂရုတစိုက်နားထောင်ကြည့်မည်ဆိုပါက သူ၏ခေါင်းအတွင်းတွင်ပင် နာကျင်မှုကို စတင်ခံစားလာရအုံးမည်ဖြစ်၏။ သို့ရာတွင် ကုဝူကျိအနေဖြင့် သည်အခြေအနေကို သတိမထားနိုင်သေးပေ။ သူ ယခင်မှတ်ဉာဏ်များအရ ထိုအသံများက တစ်ချိန်လုံး အဖော်ပြုပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူ ကလေးဘဝကတည်းက သည်လိုအခြေအနေကို ကြုံတွေ့ခဲ့ဖူးပြီးသားဖြစ်လေသည်။ 

ကုဝူကျိက ပတ်ဝန်းကျင်ကိုကြည့်ပြီးနောက်တွင် သည်နေရာက ထူးခြားလွန်းနေသည်ထက် ဆေးရုံခန်းတစ်ခုဖြစ်နေကြောင်း မြင်လိုက်ရ၏။ ထို့အပြင် သည်နေရာကို အလောင်းထားရာအခန်းဟုဆိုလျှင်ပင် ပိုမှန်နေပေလိမ့်မည်။

သည်လျှောက်လမ်းတစ်ခုလုံးတွင် မည်သည့်လမ်းက ထွက်ပြေးလွတ်မြောက်နိုင်သော လမ်းကြောင်းဖြစ်ကြောင်းပြသထားသည့် ဆိုင်းဘုတ်က သာလျှင် လင်းနေ၏။ ပတ်ဝန်းကျင်ရှိ နံရံများကမူ ဖြူစုတ်နေကာ အပြင်ဘက်က ပိန်းပိတ်အောင်မဲမှောင်နေ၏။ ပြူတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်မည်ဆိုလျှင် အပြင်လောက၏လူစည်ကားနေသော ညမြင်ကွင်းကိုပင် ရှင်းလင်းစွာမြင်နိုင်စွမ်းမရှိပေ။

ရှင်းလင်းစွာဖြင့်ပင် ဒါက ယခင်လမ်းကြောင်းအတိုင်း ဖြစ်နေသေးသည်။ သို့ရာတွင် လျှို့ဝှက်ဆန်းကြယ်သော အာကာသပြင်ထဲသို့ ရောက်သွားခဲ့ချေပြီ။ သာမန်လူများက သည်နေရာတွင် ရှိနေလိမ့်မည်မဟုတ်ပေ။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now