အခန်း ၇

3.1K 497 3
                                    

Unicode

အပိုင်း ၇

ကုဝူကျိက ရိုက်ကွင်းမှ ကန်ထုတ်မခံရသော်လည်း သူ ရိုက်ရမည့်အခန်းအများစုက အပယ်ခံလိုက်ရသည်။ သည်နေ့ဒရမ်မာက ကုဝူကျိပါသော နောက်ဆုံးအပိုင်းလည်း ဖြစ်၏။
ဝန်ထမ်းများက သူ့ကို နှစ်သိမ့်လိုသည်။ သို့သော် ရှောင်ချန်းကျုံးက သည်နေရာတွင် အမြဲရှိနေသောအခါ သူတို့တွင် သတ္တိမရှိသည့်အတွက် သူတို့ အလုပ်ပြုတ်သွားမည်ကို စိုးရိမ်ကာ ပြဿနာမရှာရဲတော့ပေ။

ရွှီမင်ကျွင်းက ဝန်ထမ်းများက ကုဝူကျိထံသို့ ချဉ်းကပ်လိုသော်လည်း မကပ်ရဲကြောင်း မြင်သောအခါ သူ၏စိတ်ထဲတွင် အထင်တသေး နှာခေါင်းရှုံ့လိုက်သည်။

ဒီကောင်ကို ဘယ်သူက သူရမယ့်နေရာကို ခိုးခိုင်းလို့လဲ၊ သူ့ရဲ့လက်ရှိအခြေအနေက ဒီလိုနဲ့ထိုက်တန်တာပဲ။

သို့ရာတွင် ရွှီမင်ကျွင်းက ထိတ်လန့်သောအမူအရာမျိုးကို ဟန်ဆောင်လိုက်ကာ မသက်မသာဖြစ်နေသော လေသံမျိုးဖြင့် ပြောသည်။

"ကုကော တကယ်ပဲ အဆင်ပြေပါ့မလား၊ သူက တကယ်တော့ ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ..."

ရှောင်ချန်းကျုံးက ဘေးဘက်တွင် မဲမှောင်သော မျက်နှာထားဖြင့်ရှိနေသည်။ ထိုစကားကို ကြားသောအခါ အထင်တသေး နှာခေါင်းရှုံ့ကာပြောလာ၏။

"မင်းက တကယ်ရူးမိုက်တာပဲ၊ ဒီလိုကောင်မျိုးရဲ့အကြည့်နဲ့ အလှည့်စားမခံနဲ့၊ ဒီနေ့ သူ ဘာလုပ်ခဲ့လဲဆိုတာ သိသွားစေရမယ်။"

ရွှီမင်ကျွင်းက ထိုစကားကိုကြားသောအခါ ခေါင်းငြိမ့်လိုက်သည်။ သူက မသိလျှင် မတရားခံသူနှင့်ပင် တူနေသေး၏။
ပတ်ဝန်းကျင်ရှိလူများက အခြေအနေအစစ်အမှန်ကို သိထားကြကာ မနှစ်မြို့သလို တွေးလိုက်ကြသည်။ သို့သော် မည်သူကမျှ ရှောင်ချန်းကျုံးကို ရန်မစရဲကြပေ။ ထို့ကြောင့် ကြက်များကဲ့သို့ တိတ်ဆိတ်စွာဖြင့်သာ နေနေလိုက်ကြ၏။ သူ၏အရသာခံနိုင်စွမ်းက ဆိုးရွားလွန်းလှသည်။ သူက သူ၏အစ်ကိုနှင့်ယှဉ်နိုင်စွမ်းပင်မရှိပေ။

ထိုအချိန်တွင် လူတိုင်းက ကုဝူကျိက ဘေးဘက်သို့သွားနေကြောင်း တွေ့လိုက်ရသည်။ ရုတ်တရက် သူတို့၏စိတ်ထဲတွင် အတွေးတစ်ချက်က ပြေးဝင်လာခဲ့၏။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now