အခန်း ၈၇

934 131 4
                                    

အပိုင်း ၈၇

တကယ်ပဲ ဒီနေရာက ဘယ်နေရာလဲ၊ နောက်ပြီး ဒီနေရာက ဖြတ်သွားရင် အန္တရာယ်ရှိနိုင်လား၊ ဒီအခေါင်းပွင့်သွားရင် ဘာတွေဖြစ်လာမှာလဲ။

ထိုကဲ့သို့သောအတွေးမျိုးက ပုံမှန်အချိန်မျိုးတွင် ပေါ်လောက်သော်လည်း ယခုမူ ကုဝူကျိ၏စိတ်ထဲတွင် ပေါ်မလာခဲ့ချေ။ သူက တဖြည်းဖြည်းချင်း လက်ကိုဆန့်ထုတ်လိုက်ပြီး အခေါင်းကိုဖွင့်ရန်ကြိုးစားသည်။

သို့သော် သူ၏လက်က အခေါင်း၏အပေါ်ယံမျက်နှာပြင်ကို ထိလိုက်မိသည့်အချိန်တွင် ကုဝူကျိ၏လက်ခုံပေါ်တွင်ရှိနေသည့် သာမန်မျက်စိဖြင့် မမြင်နိုင်သည့်သင်္ကေတတစ်ခုက ရုတ်တရက် လင်းလက်လာသည်။ စကားဖြင့် မဖော်ပြတတ်လောက်အောင် ပြင်းထန်သည့်နာကျင်မှုက ရုတ်တရက် သူ့ကို ထိုးနှက်လာသည်။ ကုဝူကျိက ချက်ချင်းဆိုသလို မျက်လုံးကိုဖွင့်လိုက်သောအခါ အိပ်မက်ထဲမှ လန့်နိုးသွားသည်။ သူက ချက်ချင်းထထိုင်လိုက်သည်။

"အခု ဘာဖြစ်သွားတာလဲ၊ ငါ ထပ်ပြီးအိပ်မက်မက်နေပြန်ပြီလား"

သူကိုယ်တိုင်က ပုံမှန်အားဖြင့် အလေးမထားတတ်သော်လည်း ယခုမူ သူ၏နဖူးမှပင် အေးစက်သောချွေးစေးများ ကျဆင်းသွားသည်။

မည်သည့်အချိန်ကမှန်းမသိ သူ ပုံတူလောကတစ်ခုထဲရောက်သွားချိန်တိုင်းလိုလို ကြောင်တောင်တောင်နိုင်သော အိပ်မက်များမက်လေ့ရှိကြောင်း သူကိုယ်တိုင်လည်း သိထားသည်။ အရာအားလုံးက အန္တရာယ်အလွန်များသော အိပ်မက်များဖြစ်နေတတ်ပြီး သူသာ သတိမထားမိလျှင် သူ၏အသက်ကိုပင် ယူသွားနိုင်သည်။ သို့သော် ယခုလို သဘာဝလွန်ပုံတူလောကမျိုးအကြောင်း စဉ်းစားမိသည့်အခါ ထိုအခြေအနေက ပုံမှန်သာလျှင်ဖြစ်ကြောင်း သိလိုက်ပြန်သည်။ လူတိုင်းလည်း ထိုသို့အိပ်မက်မက်ခြင်း ဖြစ်လောက်သည်။ ထို့ကြောင့် ရှုထောင့်တစ်ခုမှကြည့်မည်ဆိုလျှင် စုံစမ်းစစ်ဆေးနိုင်ခြင်း မရှိသည့် သဲလွန်စအချို့ကိုပင် ထုတ်ပေးနိုင်သေးသည်။

ရုတ်တရက် သူ၏လက်တွင်ပေါ်လာသော အစင်းကြောင်းများကြောင့်သာ မဟုတ်လျှင် ...

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now