အခန်း ၆၁

1.1K 197 0
                                    

61 01

အပိုင်း ၆၁

"ဒါက ဒီအတိုင်းသာမန်လူပါပဲ၊ သူက ဒီသရဲရဲ့အာရုံကို ဆွဲဆောင်နိုင်တယ် ဆိုရင်တောင်မှ အများဆုံးမှ ခေါင်းလှည့်ကြည့်ရုံလောက်ပဲ ဘာပဲဖြစ်ဖြစ် ဒီသရဲက သွေးရဲ့ဆွဲဆောင်မှုကို ဘယ်လွန်ဆန်နိုင်ပါ့မလဲ"

ဆရာသခင်နင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သို့သော် ဒါက သူ့ကိုယ်သူ နှစ်သိမ့်အောင် ပြောနေခြင်း ဖြစ်လေသည်။ အကြောင်းမူကား ကိစ္စများက သူ၏အကြံအစည်ကို ကျော်လွန်နေသည်။ ထို့ကြောင့် သူက ဆက်လက်ပြီး မတည်ငြိမ်နိုင်တော့ချေ။

ကုဝူကျိက သရဲချန်းကျားကို ကြည့်လိုက်ပြီးနောက် တစ်ဖက်သူက အသိစိတ်မရှိနေကြောင်း သိလိုက်သည်။ ထို့ကြောင့် ယခုလှည့်ကြည့်သော အခြေအနေက မသိစိတ်ကြောင့် အလိုအလျောက် လှည့်ကြည့်လိုက်ခြင်း ဖြစ်လေသည်။ သို့တိုင်အောင် တစ်ဖက်သူက သူ့ကို လေးနက်စွာ စိုက်ကြည့်လာပြီး အလွန်မုန်းတီးကြောင်း သေချာစေသည်။

မည်သို့ပင်ဆိုစေ တစ်ဖက်က အဖြောင့်ကောင် ဖြစ်သော်လည်း သူ၏နမ်းခြင်းကို ခံခဲ့ရသည်။ ဒါက တစ်ဖက်သူအတွက် သေဆုံးပြီးနောက် ရရှိသည့်အကြီးမားဆုံး အရှက်ကွဲသည့်ကိစ္စ ဖြစ်လောက်သည်။ ကုဝူကျိအနေဖြင့် မနေနိုင်ဘဲ တွေးမိသွားသည်။

ကုဝူကျိကို စိုက်ကြည့်နေပြီးနောက် ထိုသရဲချန်းကျားက ပို၍ဒေါသကြီးဟန်ဖြစ်လာပြီး တစ်ကိုယ်လုံးတွင် ယင်စွမ်းအင်များက ပြည့်နှက်လာကာ အနီးဆုံးတွင်ရပ်နေသော ချန်းကျားကို မေ့လုနီးပါး ဖြစ်သွားစေသည်။ ဆရာသခင်နင် ဆိုလျှင်လည်း ခံစားချက်မကောင်းတော့ချေ။

သို့သော် ဆရာသခင်နင်က သရဲချန်းကျားက ထိုချန်းကျားကို လက်လျှော့လိုက်မည့်အရေးကို ပို၍ စိုးရိမ်မိသည်။ အကြောင်းမူကား တစ်ဖက်သရဲ ချန်းကျားက တံခါးထံ တဖြည်းဖြည်းချင်း လျှောက်သွားနေသောကြောင့် ဖြစ်သည်။

ဆရာသခင်နင်က ချွေးစေးများပြန်လာသည်။ ကုဝူကျိ ရောက်ရှိလာသော ကိစ္စက ထိုသရဲချန်းကျားကို ထိုမျှအထိ ဆွဲဆောင်နိုင်မည်ဟု မထင်ထားမိချေ။ ထိုအကောင်က ထင်သလောက် မညံ့လောက်ချေ။ သူကလည်း ထိုသရဲကို ဆွဲဆောင်သည့် နည်းလမ်းတစ်ခု ရှိနေလောက်လေသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now