အခန်း ၃၈

1.8K 251 6
                                    

38 01

အခန်း ၃၈.၁

ထို့နောက် လူတိုင်းထံသို့ ချန်းကျားအနေနှင့် ကိစ္စအလုံးစုံကို ရှင်းရှင်းလင်းလင်း ရှင်းပြရန် နေ့တစ်ဝက်ကျော်ခန့် အချိန်ယူခဲ့ရသည်။ သူနှင့် ကုဝူကျိတို့က ဂေးများကြားမှ ဆက်ဆံရေးမျိုး သေချာပေါက် မရှိကြောင်း ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ရှင်းပြရသေးလေသည်။

လူတိုင်းက သူ၏စကားများကို ယုံကြည်သည်ဟု ထင်ရသော်လည်း အချို့ကမူ ထိုအကြောင်းအရာကို မကြားသလို တမင်ကျော်ချလိုက်သေးသည်။ မည်သို့ပင်ဆိုစေ သူတို့၏အမြင်တွင် ကုဝူကျိက ချန်းကျားနှင့် အလွန်ပဲ လိုက်ဖက်ညီနေသည်။

အထူးသဖြင့် အမျိုးသမီးထန်းဖြစ်သည်။ သူမက သားဖြစ်သူကို ဘေးဘက်သို့ ဆွဲခေါ်သွားကာ ကုဝူကျိ၏ နှလုံးသားကို ခိုင်ခိုင်မာမာ ချည်နှောင်ထားပြီး ကုဝူကျိကို အခြားလူတစ်ယောက်ထံသို့ ရောက်သွားအောင် ဘယ်သောအခါမှ တွန်းပို့၍မဖြစ်ကြောင်း တင်းတင်းကြပ်ကြပ် ပြောပြပေးနေသည်။ ထိုစကားများကြောင့် ချန်းကျား၏ နှလုံးသားကမူ ဝမ်းနည်းနာကျင်သလို ခံစားလာရပြီး ဟွန် အွန်း ဆိုသော စကားများဖြင့်သာ ဝင်ထောက်ပေးလျှက် မြန်မြန်ပြီးဆုံးရန် ဆုတောင်းနေရလေသည်။

ချန်းကျား၏ စိတ်အတွင်းတွင် ဆရာသခင်ကုက ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါး ဖြစ်သည်။

သူ့အနေနဲ့ ဒီလိုနတ်ဘုရားတစ်ပါးကို ဒီလိုခံစားချက်မျိုး ဘယ်ထားရဲပါ့မလဲ။ ခံစားချက်တွေ ပါမယ်ဆိုရင်တောင်မှ ဒါက အဖေက သားဖြစ်သူအပေါ် ရှိတဲ့ခံစားချက်လိုမျိုးပဲ ဖြစ်လိမ့်မယ်။

တတိယသခင်က တစ်စုံတစ်ရာ ဖြစ်လာအုံးမည်ကို စိုးရိမ်နေသောကြောင့် သူက ကုဝူကျိကို လေးစားရသော ဧည့်သည်တော်အဖြစ် ချက်ချင်းလိုလို ဖိတ်ခေါ်လိုက်ကာ အိမ်တွင် ရက်အနည်းငယ် ထပ်၍နေစေသည်။ ကုဝူကျိကလည်း မျှော်လင့်ထားသည့်အတိုင်း သဘောတူလိုက်သည်။ သူ့တွင်လည်း ငြင်းဆန်ရန် အကြောင်းပြချက် ရှိမနေခဲ့ချေ။

ကုဝူကျိက ချန်းမိသားစုမှ အဖွဲ့ဝင်အနည်းငယ်အတွက် တရားမျှတမှု ရရှိရန် ဆောင်ရွက်လိုစိတ် ရှိနေပြီး ထိုအကြောင်းအရာကို တွေးတောနေသေးသည်။ သူက မှန်နယ်မြေအတွင်းတွင် ချန်းကျား (ရက်စက်ကြမ်းတမ်းသည့် ရန်ငြိုးကြီးဝိညာဉ် တဖြစ်လည်း လူငယ်လေး) ထံ ပြောခဲ့ဖူးသည့် စကားကို သတိရနေသေးသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now