အခန်း ၆

3.8K 527 11
                                    

Unicode

အပိုင်း ၆

ကုဝူကျိလည်း ရုတ်တရက် တောင့်တင်းကာအေးစိမ့်သော အခြေအနေကို ခံစားလိုက်ရသောအခါ ချွေးစေးများပင် ကျဆင်းလာခဲ့သည်။ ထိုနတ်ဆိုးဝိဉာဉ်၏ လက်ညှိုးက သူ၏ မျက်နှာပေါ် အတန်ကြာဖိထား၏။

ချော်ထွက်နေပြီး ထုံထိုင်းသော ခံစားချက်က လက်မခံနိုင်ဖွယ်ဖြစ်သည်။ သူ၏ သွေးများကပင် အေးခဲတော့မတတ် ခံစားလိုက်ရသည်။ အေးစိမ့်သောလေပြင်းများက သူ၏တီရှပ်အတွင်းသို့ ဝင်ရောက်လာကာ သူ၏ အဝတ်များကို ဖြေးညှင်းစွာဖြင့် အပေါ်သို့မြောက်တက်စေခဲ့သည်။

"မင်းက တကယ်ချိုတာပဲ။"

ရန်ဟွိုင်က နတ်ဆိုးဝိဉာဉ်၏စကားကို မကြားရသည့်တိုင်အောင်  သူတို့ ဘာလုပ်နေမှန်း မမြင်ရသည့်တိုင်အောင် သူတို့၏ နီးကပ်နေမှုအရ ကုဝူကျိက ဖျော့တော့စွာဖြင့် တုန်ယင်နေကြောင်း သူမ ခံစားမိနေခဲ့သည်။ ကုဝူကျိ မည်ကဲ့သို့သော ကြောက်မက်ဖွယ် အကောင်းဆုံးအခြေအနေကို ကြုံတွေ့နေရကြောင်း သူမ စိတ်ကူးယဉ်မိမတတ်ဖြစ်လာခဲ့၏။ မတိုင်မီက ကုဝူကျိက အလွန်အမင်း တည်ငြိမ်သောသူဖြစ်သည်။ သရဲများနှင့်ကြုံရချိန်တွင်ပင် တည်ငြိမ်ခဲ့သူဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ဆက်တိုက်တုန်ယင်နေခဲ့သည်။ ကုဝူကျိက ထိုတစ္ဆေသရဲ သူမကို မထိတွေ့စေရန် ကာကွယ်ထားပေးရင်းမှ ကြောက်လန့်ဖွယ်တုန်ယင်နေကြောင်း မြင်သည့်အခါ သူမ အလွန်ခံစားသွားရ၏။ ကုဝူကျိ၏ ကြီးကျယ်ခမ်းနားမှုကို ဖော်ပြရန်အတွက် သူမ သင့်လျော်သော ကဗျာကိုပင် ရှာမတွေ့တော့ပေ။

အခြားတစ်ဖက်တွင်မူ ကုဝူကျိ၏ ရင်ထဲမှ မသက်မသာဖြစ်မှုက ပေါ်ထွက်လာသည်။

ဖြစ်နိုင်တာက ဒီဗီလိန်ခေါင်းဆောင်က ဂေးလား

ကုဝူကျိအနေဖြင့် ဂေးများအပေါ် သဘောမကျသော အမြင်မရှိပေ။ သဘောကျသောအမြင်လည်း မရှိပါပေ။ မည်သို့ပင်ဆိုစေ ဒါက တစ္ဆေသရဲနှင့် ကြုံဆုံရချိန်တွင် သည်လိုအတွေးမျိုးက ဝင်မလာသင့်မှန်း သူသည်လည်း သိသည်။ သို့သော် သူက ချစ်ခြင်းတရားအပေါ် မပျော်ဝင်ဖူးသော တစ်ကိုယ်သမား လူငယ်လေးတစ်ယောက်ဖြစ်သည်။ သည်တစ္ဆေက သူ၏လက်တွဲဖော်ကို ရှာနေမည်ဆိုလျှင် သည်လောက်အထိ မဖိနှိမ့်နိုင်လောက်အောင် ဖြစ်မလာသင့်ပေ။ပတ်၀န်းကျင်က ထူးဆန်းစွာဖြင့် တိတ်ဆိတ်သွားခဲ့သည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now